သီးသန့် မိတ်ဆက်ရန်မလိုလောက်အောင်ကို အောင်မြင်ကျော်ကြားလူကြိုက်များပြီး သူမရဲ့ စူးရှတဲ့ အကြည့် ၊ ချိုမြတဲ့ အပြုံး ၊ ချစ်စရာအမူအရာတွေနဲ့ သရုပ်ဆောင်ကောင်းမွန်မှုကြောင့် ဘောလိဝုဒ်လောကမှာ နေရာတစ်ခုကိုရရှိထားသူကတော့ အားလုံးချစ်ရတဲ့ ဘောလိဝုဒ် မင်းသမီးချော Deepika Padukone ပဲ ဖြစ်ပါတယ်။

Deepika Padukone ဟာ ဘောလိဝုဒ်လောက တွင်သာမက ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

ဒါတင်သာမက ယခုအခါမှာလည်း သူမဟာ ဘက်လိုက်မှုမရှိပဲ သိပ္ပံနည်းကျ ဆုံးဖြတ်ကာ ရွေးချယ်လေ့ရှိတဲ့ ကမ္ဘာ့အလှဆုံးသော အမျိုးသမီးများစာရင်းမှာ နဝမမြောက် အမျိုးသမီးအဖြစ် သတ်မှတ်ခံလိုက်ရတာဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေက ကမ္ဘာ့အလှဆုံး အမျိုးသမီး ဆယ်ဦးကို ဖော်ပြရန်အတွက် 'Golden Ratio of Beauty' နည်းပညာကို အသုံးပြုခဲ့ကြတာဖြစ်ပြီး အဆိုပါ သတ်မှတ်ချက်အရ ဗြိတိန်မင်းသမီး Jodie Comer က ကမ္ဘာ့အလှဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

Jodie ရဲ့ နောက်မှာတော့ Zendaya၊ Bella Hadid ၊ Beyonce ၊ Ariana Grande ၊ Taylor Swift ၊ Jourdan Dunn ၊ Kim Kardashian ၊ Deepika Padukone နှင့် HoYeon Jung တို့ပါဝင်လာခဲ့တာဖြစ်ပါတယ်။

'Golden Ratio of Beauty' ရဲ့အချိုးအစား အရ ရမှတ် (91.22) ရရှိထားသူ Deepika ဟာ ဘောလိဝုဒ်လောကကြီးတစ်ခုလုံးမှာမှ အလှဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံရတဲ့ တစ်ဦးတည်းသော အိန္ဒိယအမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။







