ဇာတ်လမ်းအတူရိုက်ပြီးတကယ်တွဲခဲ့ကြပေမယ့် လမ်းခွဲခဲ့ကြတာကြောင့်ပရိသတ်တွေ ငိုခဲ့ကြတဲ့သရုပ်ဆောင်နှစ်ဦး

//s9.kh1.co/18/18752433c7163dfb475c4cc2b7257ac80e8c0999.jpeg
အနုပညာရှင်များ

 ၂၁-အောက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဇာတ်လမ်းအတူရိုက်ပြီးတကယ်တွဲခဲ့ကြပေမယ့် လမ်းခွဲခဲ့ကြတာကြောင့်ပရိသတ်တွေ ငိုခဲ့ကြတဲ့သရုပ်ဆောင်နှစ်ဦး

တောင်ကိုရီးယားမင်းသမီး Lee Sung Kyung ဟာဆိုရင် YG Entertainment ကနေ မော်ဒယ်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး သရုပ်ဆောင်အဖြစ် ခြေလှမ်းစတင်နေတဲ့သူဖြစ်ပါတယ်။ Lee Sung Kyung က ၁၉၉၀ ခုနှစ်မှာ ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး နောက်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ Lee Sung Kyung က သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး အရည်အချင်း အပြည့်ရှိတဲ့သူဖြစ်ရုံသာမက အဆိုပိုင်းမှာရော အစီအစဉ်တင်ဆက်သူပိုင်းမှာပါ ကျွမ်းကျင်ပိုင်နိုင်တဲ့သူဖြစ်ပါတယ်။ 

Google
Google
Google
Google

Lee Sung Kyung ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့တဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွေထဲက တစ်ကားက Weightlifting Fairy Kim Bok Joo ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ Lee Sung Kyung က Weightlifting Fairy Kim Bok Joo ဇာတ်လမ်းထဲပါဝင်ပြီးနောက်မှာ မင်းသား Nam Joo Hyuk နဲ့ အပြင်မှာပါတွဲခဲ့တာကြောင့် ပရိသတ်တွေ အားလုံးက ဝမ်းသာခဲ့ကြပါတယ်။ သူတို့နှစ်ဦးက ကြောင်နဲ့ကြွက်စုံတွဲလေးလိုမျိုး ချစ်ဖို့ကောင်းပြီးလိုက်ဖက်လွန်းတာကြောင့် ပရိသတ်တွေအားလုံးက အရမ်းကို ထောက်ပံ့ပေးခဲ့ကြတာဖြစ်ပါတယ်။ မင်းသမီး Lee Sung Kyung နဲ့ မင်းသား Nam Joo Hyuk တို့က ဇာတ်လမ်းတွဲ မရိုက်ခင် မော်ဒယ်လောကမှာကတည်းက ခင်မင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ 

Google
Google
Google
Google
Google 
Google 

မင်းသမီး Lee Sung Kyung က တစ်ခါမှ Dating New ထွက်ဖူးတဲ့သူမဟုတ်တာကြောင့် တစ်စုံတစ်ယောက်နဲ့တွဲနေတယ်ဆိုတဲ့သတင်းက ပရိသတ်တွေအတွက် အားရတဲ့သတင်း ဖြစ်စေခဲ့ပါတယ်။ မင်းသမီး Lee Sung Kyung နဲ့ မင်းသား Nam Joo Hyuk တို့က ပရိသတ်တွေ အားအပေးဆုံး စုံတွဲလေး ဖြစ်ခဲ့ပြီးနောက် ၈ လအကြာမှာအခြားအနုပညာရှင် စုံတွဲတွေလိုမျိုး လမ်းခွဲခဲ့ကြပါတယ်။ သူတို့နှစ်ဦးကိုတော့ တော်တော်လေးမြဲမယ့် အနုပညာရှင်စုံတွဲလေးလို့ မှန်းခဲ့ကြပေမယ့် ပရိသတ်တွေရဲ့ ဆုတောင်း မပြည့်ခဲ့ပါဘူး။ 

Google
Google
Google
Google
Google
Google

သူတို့နှစ်ဦးက ၂၀၁၇ ခုနှစ်မှာ တရားဝင်တွဲခဲ့ပြီး လမ်းခွဲကြောင်းကြေညာပြီးတဲ့နောက်မှု ပြန်တွဲနေပြီဆိုတဲ့သတင်းတွေ ထွက်ခဲ့ကြပေမယ့် အခုအချိန်အထိ မရေရာတဲ့သတင်းအဖြစ် ကျန်ရှိနေတုန်းပဲ ဖြစ်ပါတယ်။

Google
Google
Google
Google

ပရိသတ်တွေအရမ်းချစ်ပြီး အရမ်းအားပေးခဲ့ရတဲ့ တောင်ကိုရီးယား မင်းသမီး Lee Sung Kyung နဲ့ မင်းသား Nam Joo Hyuk တို့စုံတွဲလေးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T