Blackpink အဖွဲ့ဝင် Lisa ဟာဆိုရင် အဆိုတော်တစ်ယောက်ဆိုပေမယ့် ထူးထူးခြားခြားဆိုသလို ရုပ်ရှင်မင်းသားတွေ တော်တော်များများနဲ့ သူငယ်ချင်း အရင်းတွေဖြစ်ပါတယ်။ ဒါကြောင့် သူမ ကို social butterfly ဆိုပြီးလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

Lisa က တောင်ကိုရီးယားနာမည်ကြီး မင်းသားတွေဖြစ်တဲ့ Lee Soo Hyuk ၊ Jung Hae In ၊ Park Bo Gum ၊ Gong Yoo၊ Mark Prin တို့နဲ အရမ်းကို ရင်းနှီးတဲ့သူဖြစ်ပြီး သာမန်ထက်ကို ပိုပြီး ရင်းနှီးနေတာ ဓာတ်ပုံထဲမှာ အတိုင်းသား မြင်တွေ့ရပါတယ်။




မကြာသေးမီကလည်း Lisa နဲ့ သရုပ်ဆောင် Lee Soo Hyuk တို့ရဲ့ ပုံရိပ်လေးတွေ ပရိသတ်တွေကြားမှာ နာမည်ကြီးနေပါတယ်။

အဆိုပါ ဓာတ်ပုံလေးတွေထဲမှာ Lisa က BVLGARI Avrora Awards ပွဲကို တက်ရောက်နေတာဖြစ်ပါတယ်။ အဆိုပါပွဲမှာ Lisa နဲ့အတူ သရုပ်ဆောင် Lee Soo Hyuk ကိုပါ တွဲတွေ့ရတာဖြစ်ပြီး နှစ်ဦးသားက အရမ်းကို ရင်းနှီးနေတာကို အထင်အရှားတွေ့ရပါတယ်။ Lisa နဲ့ Lee Soo Hyuk တို့က လွန်ခဲ့တဲ့ ၃ နှစ်က ရင်းနှီးခဲ့ကြတဲ့သူတွေဖြစ်ပြီး လက်ရှိအချိန်အထိ ဆက်ဆံရေးတွေ မပြောင်းလဲဘဲ ရှိနေကြတုန်းပဲ ဖြစ်ပါတယ်။


မတူညီတဲ့နယ်ပယ်ကဆိုပေမယ့် သာမန်သူငယ်ချင်းအရင်းကြီးတွေထက် ပိုပြီး ခင်မင်ကြတဲ့ Blackpink အဖွဲ့ဝင် Lisa နဲ့ တောင်ကိုရီးယားမင်းသား Lee Soo Hyuk တို့ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

