တေဇာဆိုပြီးဖြစ်လာအောင် မွေးထုတ်ပေးတဲ့ ကျေးဇူးရှင် ဆရာသမားတွေကို သွားရောက်ကန်တော့ခဲ့တဲ့ သုတအောင်

//s9.kh1.co/31/317a9ff610d9e99310e24b85b8a7c2bd63bc41dd.jpg
အနုပညာရှင်များ

 ၂၀-အောက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

တေဇာဆိုပြီးဖြစ်လာအောင် မွေးထုတ်ပေးတဲ့ ကျေးဇူးရှင် ဆရာသမားတွေကို သွားရောက်ကန်တော့ခဲ့တဲ့ သုတအောင်

MRTV- 4 ရုပ်သံကနေ ထုတ်လွှင့်ပြသနေတဲ့ "ဝိကပါ"ဇာတ်လမ်းတွဲထဲမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ သူကတော့ မင်းသားချောလေး သုတအောင်ပဲ ဖြစ်ပါတယ်။ သူရဲ့ သဘာဝကျတဲ့ ဇာတ်ရုပ်အသွင်အပြင်တွေက တခဲနက်ကြည့်ရှုအားပေးကြတဲ့ ပရိသတ်တွေအတွက် သဘောကျစေခဲ့တာတော့ အမှန်ပါ။

Photo Credit - Thu Ta Aung
Photo Credit - Thu Ta Aung
Photo Credit - Thu Ta Aung
Photo Credit - Thu Ta Aung

ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အတိုတွင်း ရရှိခဲ့တဲ့ သုတအောင်ဟာ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတာကို တွေ့ရပါတယ်။ ယခုမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် သုတအောင်က တကယ့်ကို မွန်မြတ်ကြည်နူးစရာကောင်းတဲ့ ပုံရိပ်‌လေးတွေကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Thu Ta Aung
Photo Credit - Thu Ta Aung
Photo Credit - Thu Ta Aung
Photo Credit - Thu Ta Aung

ဒါကတော့ သတင်းကျွတ်အခါသမျှလေးမှာ တေဇာဆိုပြီးဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးရှင် ဆရာသမားအားလုံးကို မင်းသားချောလေး သုတအောင်က သွားရောက်ကန်တော့ခဲ့တာ ဖြစ်ပါတယ်။ ကျေးဇူးတရားကို မမေ့မလျော့ဘဲ တလေးတစား ကန်တော့ခဲ့တဲ့ ပုံရိပ်လေးတွေကတော့ မြင်ရသူတိုင်း ကြည်နူးစေတာတော့ အမှန်ပါ။ ကဲ.. ပရိသတ်ကြီးရေ အနုပညာနယ်ပယ်မှာ ဒီထက်မက အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် မင်းသားသုတအောင်ကို ဆုမွန်ကောင်းလေး တောင်းပေးခဲ့ကြပါဦး။

Photo Credit - Thu Ta Aung
Photo Credit - Thu Ta Aung

သတင်း အရင်းအမြစ် Source - Thu Ta Aung


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T