Kimmy တို့ရဲ့ မင်္ဂလာဆောင်မှာ သူတို့အတွဲအတွက် ထူးခြားတာလေးရှိမယ်ဆိုတဲ့ YaYa တို့ စုံတွဲ

//s9.kh1.co/4b/4b28e8a947758f111edb311d8863191febe6ecb2.jpg
အနုပညာရှင်များ

 ၂၀-အောက်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

အချစ်ဆုံးသူငယ်ချင်းရဲ့ အမှတ်တရဖြစ်မယ့်နေ့လေးမှာ Nadech က Ya Ya ကို လက်ထက်ခွင့်တောင်းမလို့များလား ….

ထိုင်းမင်းသမီး Kimmy နဲ့ မင်းသား Mark Prin တို့ နှစ်ဦးလက်ထပ်တော့မယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ ပရိသတ်တွေက သူတို့ နှစ်ဦးရဲ့ နေ့ထူးနေ့မြတ်ကို စောင့်မျှော်နေကြပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းလေးကတော့ ချစ်သူနှစ်ဦးကြားမှာ ရင်ခုန်စေတဲ့အပြင် မကြာခင်ရောက်လာမယ့် နေ့ရက်လေးကို အနုပညာလောကထဲက သူတွေကပါ ရင်ခုန်စောင့်မျှော်နေကြပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

သတို့သမီးလောင်းလေး Kimmy က ထိုင်းမင်းသမီးချောလေး Yaya နဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီး Yaya ကလည်း ထိုင်းမင်းသား Nadech နဲ့ ၁၁ နှစ်ကျော်တွဲလာတာကြောင့် သူတို့အတွဲရဲ့ မင်္ဂလာသတင်းလေးကိုလည်း စောင့်မျှော်နေကြပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

အခင်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်တဲ့နေ့မှာ Ya Ya နဲ့ သူ့ကောင်လေးက ဘာတွေထူးခြားမလဲဆိုတာကို Fans တွေက စောင့်ကြည့်နေကြတာပါ။ ဒါပေမယ့် မကြာသေးမီက Yaya က ပရိသတ်တွေကို စိတ်မချမ်းသာစေခဲ့တဲ့ စကားတချို့ကို ပြောကြားခဲ့ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

Kim ရဲ့ မင်္ဂလာဆောင်တဲ့နေ့မှာ ပစ်လိုက်တဲ့ မင်္ဂလာပန်းစည်းကို ဘယ်သူတွေ ရမလဲဆိုတာ ကြိုပြီးမသိနိုင်ပါဘူး။ ဒါပေမယ့် Kimberly ရဲ့ မင်္ဂလာဆောင်တဲ့နေ့မှာ Yaya နဲ့ Nadech တို့စုံတွဲအတွက် ထူးထူးခြားခြား တစ်ခုခုတော့ ရှိကောင်းရှိနိုင်မယ်တယ်လို့ သတင်းတွေ ကြားနေရပါတယ်။ ပရိသတ်တွေအားလုံးကလည်း ဒီသတင်းကို ကြားလိုက်ရုံနဲ့ ပရိသတ်တွေက ပိုပြီး ရင်ခုန်သွားစေခဲ့ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

သတင်း အရင်းအမြစ် Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T