အသက်ငယ်ပေမယ့် ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တာကြောင့် ကမ္ဘာကျော် Squid Game ရုပ်ရှင်မှ စပြီး နာမည်ကျော်ကြားလူသိများလာပြီး ရေပန်းစားလာတဲ့ တောင်ကိုးရီးယားနိုင်ငံ က သရုပ်ဆောင်အမျိုးသမီးလေးကတော့ အားလုံးကသဘောကျရတဲ့ HoYeon Jung ပဲဖြစ်ပါတယ်။


တောင်ကိုးရီးယားနိုင်ငံမှာသာမက ကမ္ဘာမှာပါကျော်ကြားနေတဲ့ HoYeon Jung ဟာ အခုအခါမှာလည်း နိုင်ငံတကာ က အမျိုးသမီးများစွာထဲကမှ ကမ္ဘာ့အလှဆုံးသော အမျိုးသမီးအဖြစ် ပါဝင်လာတာဖြစ်ပါတယ်။ အဆိုပါ ဆုကို ပေးအပ်ဖို့ သိပ္ပံပညာရှင်တွေက အချိုးကျတဲ့ မျက်နှာပိုင်ရှင်တွေကို သေချာရွေးချယ်ခဲ့ကြတာဖြစ်ပြီး အဲ့သလိုရွေးချယ်ထားတဲ့ကြားကမှ သူမအနေနဲ့ ကမ္ဘာ့အလှဆုံးအမျိုးသမီးစာရင်း ရဲ့ နံပါတ်(၁၀)နေရာကို ပါဝင်လာတာဖြစ်ပါတယ်။


ကမ္ဘာ့အဝှမ်းဝှမ်းက ကျွမ်းကျင်သိပ္ပံပညာရှင်တွေကလည်း ကမ္ဘာ့အလှဆုံး အမျိုးသမီး ဆယ်ဦးကို ဖော်ပြရန်အတွက် 'Golden Ratio of Beauty' နည်းပညာကို အသုံးပြုခဲ့ကြတာဖြစ်ပြီး အဆိုပါ သတ်မှတ်ချက်အရ ဗြိတိန်မင်းသမီး Jodie Comer က ကမ္ဘာ့အလှဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခံခဲ့ရပြီး Jodie ရဲ့ နောက်မှာတော့ Zendaya၊ Bella Hadid ၊ Beyonce ၊ Ariana Grande ၊ Taylor Swift ၊ Jourdan Dunn ၊ Kim Kardashian ၊ Deepika Padukone နှင့် HoYeon Jung တို့ပါဝင်လာခဲ့တာဖြစ်ပါတယ်။ HoYeon Jung အနေနဲ့ ရမှတ်(89.63) အနေနဲ့ ရရှိထားတာဖြစ်တယ်လို့လည်းသိရပါတယ်။










