မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးထုကြီးတစ်ခုလုံးက အားအကျရဆုံးနဲ့ စံပြစုံတွဲ လို့ ဆိုရလောက်အောင် တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာမှုအပြည့် နဲ့ ဂရုအစိုက်တတ်ဆုံး အနုပညာရှင်စုံတွဲလို့ဆိုလာရင်တော့ ဇာဏ်ခီ နဲ့ ခရစ္စတီးနားခီ ဟာ မပါမဖြစ်ပါပဲ။

ဇာဏ်ခီ နဲ့ ခရစ္စတီးနားတို့ စုံတွဲလေးဟာ ပရိတ်သတ်တွေ သဘောအကျရဆုံး မြန်မာ အနုပညာရှင် စုံတွဲ ထဲ တစ်တွဲအပါအဝင်ဖြစ်ပါတယ်။ နှစ်တွေအများကြီးကြာသည့်တိုင် တစ်ဦးအပေါ်တစ်ဦး ထားရှိတဲ့ မေတ္တာ ၊ သစ္စာတရားတွေကြောင့် ခုလို အားကျခံရတဲ့စုံတွဲဖြစ်နေတယ်ဆိုရင်လည်းမမှားပါဘူး။

ဒီကနေ့ အောက်တိုဘာ(၁၈)ရက်နေ့ ဟာ မခရစ္စတီးနား ရဲ့ မွေးနေ့ရက်မြတ်ပဲဖြစ်ပါတယ်။ ဒီလိုကျရောက်လာတဲ့မွေးနေ့အပေါ်မှာလည်း ခင်ပွန်းဖြစ်သူ ဇာဏ်ခီက ချစ်စရာကောင်းတဲ့ မွေးနေ့ဆုတောင်းစကားလေးကိုပြောကြားလာခဲ့ပါတယ်။ အဲ့ဆုတောင်းစကားလေးကိုလည်း ပရိသတ်တွေ အထူးသဖြင့် မြန်မာအမျိုးသမီးထုကြီးကအရမ်းကိုသဘောကျ အားကျနေကြတာဖြစ်ပါတယ်။ မခရစ္စတီးနားတစ်ယောက် ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ဆုတောင်းရင်း ကိုဇာဏ်ခီ တစ်ယောက်ဘယ်လိုချုပ်လိုက်သလဲဆိုတာကိုတော့ ပရိသတ်ကြီးကြည့်ရှုနိုင်စေဖို့ဖော်ပြလိုက်ရပါတယ်။













