Jin ကစပြီး BTS အဖွဲ့ဝင်တွေအားလုံး စစ်မှုထမ်းတော့မယ်လို့ တရားဝင်ကြေညာချက်ထုတ်ပြန်..

//s9.kh1.co/27/273b996e686ab8034ad3a9124e59f43ebbe15e78.jpg
အနုပညာရှင်များ

 ၁၇-အောက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

BIGHIT အနေနဲ့စစ်မှုထမ်းတော့မယ်လို့ ကြေညာရတာဂုဏ်ယူမိကြောင်း..

BTS အဖွဲ့ဝင်တွေဟာ ကိုရီးယားရဲ့ စည်းမျဥ်းဥပဒေတွေအတိုင်း စစ်မှုထမ်းတော့မယ်လို့ တရားဝင် ကြေညာလိုက်ပြီဖြစ်ပါတယ်။ BTS ရဲ့ မိခင်အေဂျင်စီဖြစ်တဲ့ HYBE ကကြေညာချက်ကို ဒီကနေ့မှာထုတ်ပြန်လာတာဖြစ်ပြီး ကြေညာချက်ထဲမှာ BIGHIT အနေနဲ့စစ်မှုထမ်းတော့မယ်လို့ ကြေညာရတာဂုဏ်ယူမိကြောင်း လက်ရှိကျင်းပပြုလုပ်နေတဲ့ Busan World Expo 2030 ကိုပံ့ပိုးကူညီမှုတွေပြီးတာနဲ့ BTS အဖွဲ့ဝင်တစ်ဦးချင်းစီဟာ ဂုဏ်ယူစွာနဲ့ စစ်ထဲဝင်တော့မယ်လို့ ပြောထားပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/c0/c03f640c961dbbe26747602d503eb77b88eba676.png

ဆက်ပြီး BTS အဖွဲ့ဟာ စတင်ဖွဲ့စည်းပြီး ဆယ်နှစ်ကျော်အကြာမှာ နိုင်ငံတကာအောင်မြင်မှုမျိုးစုံ၊ စံချိန်မျိုးစုံ ချိုးဖျက်ခဲ့ပြီး Kpop ကိုနိုင်ငံတကာစင်မြင့်ထက်သို့ အရောက်ပို့ပေးနိုင်ခဲ့ပေမယ့် တစ်ဖက်မှာလည်း ကိုရီးယားရဲ့လက်ရှိပြဌာန်းထားတဲ့ အရွယ်ရောက်ပြီးသန်စွမ်းတဲ့အမျိုးသားတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ တည်ဆဲဥပဒေကိုတရားမျှတစွာ လိုက်နာသွားမှာဖြစ်ကြောင်း ပြောထားပါတယ်။

https://s9.kh1.co/__image/w=650,h=653,q=100/d6/d655761c338f494f5782dc3f7e366b29d81b86e2.png

ဒါကြောင့် အဖွဲ့ထဲအသက်အကြီးဆုံး အဖွဲ့ဝင်ဖြစ်တဲ့ Jin ဟာဒီနှစ်ထဲစစ်ထဲဝင်မှာဖြစ်ပြီး၊ ကျန်တဲ့ အဖွဲ့ဝင်တွေအနေနဲ့လည်း သူတို့ရဲ့အစီအစဥ်အတိုင်း စစ်မှုအသီးသီးထမ်းသွားကြမှာဖြစ်တယ် လို့သိရပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ BTS အဖွဲ့ကို ၂၀၂၅ ခုနှစ်မှသာ အဖွဲ့လိုက်အနေနဲ့ ပြန်ပြီးမြင်တွေရတော့မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=372,q=100/3e/3e00af1db4e8fdd600fabcaca3abc1a58fdd403d.png

အဆုံးသတ်မှာတော့ “Yet to Come” ဆိုတာသီချင်းတစ်ပုဒ်သာမဟုတ်ပဲ လာမယ့်နှစ်တွေမှာ BTS အဖွဲ့တွေတစ်ဦးပြီး တစ်ဦးစစ်မှုထမ်းသွားကြပေမယ့် တစ်ချိန်ချိန် ပြန်ဆုံကြမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ပြောပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=430,q=100/50/5049acef8e3c8a44b5f8f8d69ca1e08580f38576.jpg

အာမီလေးတို့လဲ ၂၀၂၅ မတိုင်ခင်အထိတော့ BTS ကိုလွမ်းနေကြမယ်လို့ ထင်ပါတယ်။

Photos-credit 

Source; BigHit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T