မင်္ဂလာပွဲစရိတ်နဲ့တင် တက်သေလို့ရတဲ့ Nang Goong Min နဲ့ Jin Ah Reum တို့ရဲ့မင်္ဂလာပွဲ..

//s9.kh1.co/57/57b9d4c5bffaf07508e0504e18e789eac24478e9.jpg
အနုပညာရှင်များ

 ၁၅-အောက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

ပွဲစီစဉ်ကျင်းပခဲ့သူတွေက သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲတုန်းက…

ပြီးခဲ့တဲ့ အောက်တိုဘာ 7 ရက်နေ့ကမင်္ဂလာဆောင်ခဲ့ကြတဲ့ တောင်ကိုရီးယားနာမည်ကြီး မင်းသား Nang Goong Min နဲ့ မင်းသမီး ‌Jin Ah Reum တို့ရဲ့မင်္ဂလာပွဲကုန်ကျစရိတ်တွေဟာ အွန်လိုင်းပေါ်မှာ လူတွေစိတ်ဝင်စားဆုံး အကြောင်းအရာတစ်ခုဖြစ်နေပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/f4/f4a7f08f8e753f57efc973d5e2e408732ebe4d14.jpg

အောက်တိုဘာ ၁၃ ရက်က "Entertainment Company Live" ဆိုတဲ့အစီအစဉ်မှာ ပွဲစီစဉ်ကျင်းပခဲ့သူတွေက သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲတုန်းကကုန်ကျစရိတ်တွေကို ပြောပြလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=692,q=100/9a/9ac9328a8040c3cd37b148b8720a6ab700f68d39.jpg

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲဟာ ဆီလာဟိုတယ်မှာကျင်းပခဲ့တာဖြစ်ပြီး ပွဲစီစဉ်သူတွေရဲ့အဆိုအရ ပွဲအတွက် အလှဆင်ကုန်ကျစရိတ်ဟာ ဝမ်သန်း၂၀ နဲ့ သန်း ၃၀ ကြား ( ဒေါ်လာနှစ်သောင်းခန့် )၊ ပွဲအတွင်းကျွေးမွေးစရိတ်က တစ်ဦးကို ၁၂၆ ဒေါ်လာနဲ့ သတို့သမီးဝတ်တဲ့ဝတ်ဆုံက ဒေါ်လာ ၄၈၀၀ (ဝမ် ၇သန်း) ခန့်ကုန်ကျကြောင်းသိရပါတယ်။ 

https://s9.kh1.co/__image/w=650,h=487,q=100/c8/c870f85b53871980ed39b9558005a2f849db89f1.jpg

အခြားကုန်ကျစရိတ်တွေကိုပါပေါင်းပြီး မင်္ဂလာပွဲရဲ့စုစုပေါင်းကုန်ကျစရိတ်ကတော့ ဝမ်သန်း ၂၀၀ နီးပါး ( ဒေါ်လာ တစ်သိန်းကျော်) ကုန်ချခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/74/7453aedd36ff8d8daebb9512c2d89a5615d2be6e.jpg

ဘဲရီးကတော့ ဇနီးလေးအတွက် ဒေါ်လာသိန်းနဲ့ချီအကုန်ခံပေးတာနော်၊ ချစ်တတ်ချက်ပါပဲ။

Photos- credit

Source: Allkpop 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T