အလိုက်သိတတ်လွန်းတဲ့ သားလေးရဲ့ စကားတစ်ခွန်းကြောင့် မျက်ရည်ကျခဲ့ရတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

//s9.kh1.co/25/25a26d10624fb3279ff2f648ad08dc3e8e30e7e7.jpg
အနုပညာရှင်များ

 ၁၅-အောက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

အရွယ်နဲ့ မလိုက်အောင်ကို လိမ္မာသိတတ်တဲ့ အားကိုးရမယ့် ဂျက်ဂျက်လေး ..

ပရိသတ်တွေရဲ့ အချစ်တော် တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ အနုပညာလောကကို ဂီတကနေ တစ်ဆင့် ကူးပြောင်းခဲ့သူလည်းဖြစ်ပါတယ်။

Photo Credit : Nann Myat Phyo Thinn's FB Acc
Photo Credit : Nann Myat Phyo Thinn's FB Acc
Photo Credit : Nann Myat Phyo Thinn's FB Acc
Photo Credit : Nann Myat Phyo Thinn's FB Acc

နန်းမြတ်ကတော့ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်း သားနဲ့သမီးနဲ့ကို မိခင်လိုရော ဖခင်လိုပါ တစ်ယောက်တည်း ပြုစုစောင့်ရှောက်နေတာကြောင့် ပရိသတ်တွေကတောင်ချီးကျူးနေခဲ့ရပါတယ်။ နန်းမြတ်ရဲ့ သားလေး ဂျက်ဂျက်နဲ့ သမီးလေး ဂျူးဂျူးကလည်း အရွယ်နဲ့ မလိုက်အောင်ကို လိမ္မာရေးခြားရှိ လွန်းလှပြီး ချစ်စရာကောင်းလှတာကြောင့် ပရိသတ်တွေက အချစ်ပိုနေခဲ့ကြပါသေးတယ်။

Photo Credit : Nann Myat Phyo Thinn's FB Acc
Photo Credit : Nann Myat Phyo Thinn's FB Acc
Photo Credit : Nann Myat Phyo Thinn's FB Acc
Photo Credit : Nann Myat Phyo Thinn's FB Acc

သားနဲ့ သမီးအကြောင်းကို အမြဲတင်ပေးလေ့ရှိတဲ့ နန်းမြတ်က ဒီတစ်ခါမှာလည်း အလိုက်သိတတ်လွန်းတဲ့ သားလေးရဲ့ စကားတစ်ခွန်းကြောင့် သူတောင် မျက်ရည်ကျခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကို ပြောပြလာပါတယ်။ နန်းမြတ်က " My sweetest Son 💞

ဂျက်လေးကိုအမြဲတမ်းအိပ်ခါနီးတိုင်းစာအုပ်သုံးအုပ်ဖတ်ပြနေကျ

ဒီညတော့”မေမေ..၁အုပ်ပဲဖတ်မယ်နော်”တဲ့

ဘာလို့လဲလို့မေးတော့ “ဒီနေ့မေမေပင်ပန်းနေလို့”တဲ့

ရင်ထဲမှာပြောမပြတတ်တဲ့ကြည်နူးမှုနဲ့အတူမျက်ရည်ကလဲကျလာသေးတယ် 😥" ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Nann Myat Phyo Thinn's FB Acc
Photo Credit : Nann Myat Phyo Thinn's FB Acc
Photo Credit : Nann Myat Phyo Thinn's FB Acc
Photo Credit : Nann Myat Phyo Thinn's FB Acc

Source : Nann Myat Phyo Thinn's FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T