ဒရမ်မာဆန်ဆန်ချစ်ကြိုက်ခဲ့ပြီးမှလမ်းခွဲခဲ့တဲ့ F4 ချစ်သူထဲကအိုးမင်းသားလေးနဲ့မင်းသမီး Oh Yeon Seo

//s9.kh1.co/e5/e5b1b701bde37b04766a31dd16eb6fb1c697796d.jpeg
အနုပညာရှင်များ

 ၁၄-အောက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဒရမ်မာဆန်ဆန်ချစ်ကြိုက်ခဲ့ပြီးမှလမ်းခွဲခဲ့တဲ့ F4 ချစ်သူထဲကအိုးမင်းသားလေးနဲ့မင်းသမီး Oh Yeon Seo

F4 ချစ်သူဇာတ်လမ်းတွဲမှာ အိုးမင်းသားလေးလို့ နာမည်ကြီးခဲ့တဲ့ မင်းသား Kim Bum ဟာဆိုရင်တောင်ကိုရီးယားမင်းသမီး Oh Yeon Seo နဲ့ ချစ်ကြိုက်ခဲ့ပြီး တရားဝင်တွဲခဲ့တဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=428,q=100/00/00cd9ce646c55ee411017811b9381e5867cb0bf2.jpeg

သူတို့စုံတွဲလေးက A Korean Odyssey ဇာတ်လမ်းတွဲရိုက်ကူးပြီးတဲ့နောက် ၁ နှစ်နီးပါးအကြာမှာ ချိန်းတွေ့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/2a/2aa5b537b4b68828a4ab818da8828935dd87150b.jpeg

သူတို့နှစ်ဦးက ချိန်းမတွေ့ခင်မှာ အရမ်းကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး အချင်းချင်း သံယောဇဉ်တွေတိုးကာ ချစ်ကြိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=530,h=795,q=100/45/45b1c851338507377dd6a2a2d23249b7435aca5a.jpeg

Select an imageKim Bum နဲ့ Oh Yeon Seo တို့က အချိန် ၁၀ လာကြာသာ တွဲခဲ့ကြပြီး လမ်းခွဲသတင်းကြေညာခဲ့တဲ့ စုံတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးကို အခုအချိန်မှာပြန်ပြီး လက်တွဲစေချင်နေကြပါတယ်။

https://s9.kh1.co/__image/w=600,h=744,q=100/0c/0c8ff0c57d947f3280ef0e7eb9c3d65045256b0c.jpeg

Kim Bum က လမ်းခွဲပြီးနောက်မှာ ချက်ချင်း စစ်မှုထမ်းဆောင်ခဲ့တာကြောင့် တချို့ပရိသတ်တွေကလည်း စစ်မှုထမ်းဆောင်မှုကြောင့် လမ်းခွဲတာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

https://s9.kh1.co/__image/w=600,h=900,q=100/b6/b63144a199bb52c755e3e40b0a263d8a67b45ccf.jpeg

Kim Bum နဲ့ Oh Yeon Seo တို့စုံတွဲလေးက မတ်လ ၂၀၁၈ ခုနှစ်မှာ တရားဝင်တွဲခဲ့ပြီး ချစ်သူများနေ့မတိုင်ခင် ဖေဖော်ဝါရီလ ၂၀၁၉ ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=300,q=100/40/406dba714120f1066dcd7371acdcb226d2c1fae7.jpeg

အိုးမင်းသားလို့ လူသိများတဲ့ Kim Bum က မင်းသမီး Oh Yeon Seo ထက် ၂ နှစ်တိတိ ပိုငယ်ပါတယ်။ သူငယ်ချင်းကနေ ချစ်သူရည်စားတွေဖြစ်ခဲ့ပြီး လမ်းခွဲခဲ့ကြတဲ့ ပြည်သူ့အချစ်တော် မနဲ့မောင်စုံတွဲလေး Kim Bum နဲ့ Oh Yeon Seo တို့ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T