မွေးနေ့မှာ ကောင်လေးဆီက 5 သောင်းတန်တွေ အထပ်လိုက်ရခဲ့လို့ ပျော်နေတဲ့ T-ara Soyeon

//s9.kh1.co/a3/a376c8c1ac597c17c19a17ab1706d41240516265.jpg
အနုပညာရှင်များ

 ၁၄-အောက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကျမရဲ့ Cho Yu-min လေးက..

T-ara အဖွဲ့ဝင်ဟောင်း Soyeon ကသူ့ရဲ့မွေးနေ့မှာ ရရှိခဲတဲ့ ကြီးမားတဲ့လက်ဆောင်တွေအကြောင်း ပြောပြလာခဲ့ပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့က Soyeon ဟာသူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် “ကျမရဲ့ Cho Yu-min လေးကဒီနှစ်ကျမမွေးနေ့အတွက် မွေးနေ့လက်ဆောင်လေးလုပ်ပေးခဲ့ပါတယ်” ဆိုပြီးအသိပေးလာခဲ့ပါတယ်။ Cho Yu-min ဆိုတာကတော့ အသက်၂၅နှစ်ရှိပြီဖြစ်တဲ့ ဘောလုံးကစားသမားဖြစ်ပြီး သူ့နဲ့စေ့စပ်ထားတဲ့ သူ့ကောင်လေးလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=563,q=100/1c/1c22b170ad0b3d9ef9eef10def7dd6e818d70178.png

အောက်တိုဘာ ၅ ရက်မှာမွေးနေ့ကျရောက်ခဲ့တဲ့ Soyeon ကတော့သူ့မွေးနေ့မှာ သူ့ရဲ့ကောင်လေးက Surprise လုပ်ပေးခဲ့တဲ့အကြောင်း “ကျမွေးနေ့မှာ hotel, dinner, cake နဲ့မွေးနေ့လက်ဆောင်အပါအဝင် အားလုံးလုပ်ပေးခဲ့ပါတယ်။ အလုပ်ရှုပ်နေတာတောင် ကျမအတွက်အချိန်ပေးပြီး ကျမနားရှိပေးလို့ဝမ်းသာ ရပါတယ်” ဆိုပြီးပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/65/650c49175980a69c8919a090b07715b1d8aa8339.jpg

“ပြီးတော့ ကျမအတွက် Surprise အဖြစ်ဆုံးအရာကတော့ အိမ်မှာတစ်ယောက်တည်းနေလေ့ရှိတဲ့ကျမအတွက် အိမ်မှာဖွက်ထားခဲ့တဲ့ မွေးနေ့လက်ဆောင်ပိုက်ဆံငွေသားတွေပဲဖြစ်ပါတယ်” ဆိုပြီးပြောထားပါသေးတယ်။ ပုံတွေထဲမှာတော့ သူရခဲ့တဲ့မွေးနေ့လက်ဆောင်တွေကိုမြင်ရပြီး အဲ့ဒီထဲက ဝမ် ၅၀၀၀၀ တန်အထပ်လိုက်နဲ့ စက္ကူပုံးကြီးကတော့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/89/89085c9c429b46724eb90fae946d4d9dbb184c8c.jpg

ပရိသတ်တွေကတော့ Soyeon ရဲ့ကောင်လေးကိုချီးကျူးနေကြကာ သူတို့အတွဲကိုအားကျနေကြပါတယ်။ Soyeon နဲ့သူ့ကောင်လေးတို့ကတော့ နောက်လမှာ မင်္ဂလာဆောင်သွားတော့မယ်လို့ သိရပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T