အနုပညာလောကမှာ အချိန်အတိုတွင်း အောင်မြင်မှုတွေနဲ့အတူ လျှောက်လှမ်းလာတဲ့ သုတအောင်ကို ပရိသတ်တွေ သိကြမှာပါ။ သုတအောင် ဟာ MRTV-4 ရုပ်သံမှာ မကြာသေမီက ထုတ်လွှင့်ပြသခဲ့တဲ့ "ဝိပါက" ဇာတ်လမ်းတွဲထဲမှာ တေဇအဖြစ် အကောင်းဆုံး ပီပြင်အောင် သရုပ်ဆောင်ခဲ့တဲ့ တက်သစ်စ မင်းသားချောလေး တစ်ဦးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးက ပရိသတ်တွေရဲ့ ကြားမှာ ရေပန်းစားခဲ့ပြီး အားပေးမှုများစွာ ရရှိခဲ့ပါတယ်။

လတ်တလောမှာ သုတက အနုပညာအလုပ်တွေအနဲ့ ကြော်ငြာတွေရိုက်ကူးနေရတဲ့အပြင် Live Sale တွေမှာလည်း တွေ့ရပါတယ်။ ဒီကနေ့မှာတော့ သုတအောင်က ပရိသတ်တွေ ထပ်တူကြည်နူးစေမယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒါကတော့ နယ်မှာ ကျန်ခဲ့တဲ့ မိခင်ကို သွားရောက် ကန်တော့ခဲ့တဲ့ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။ လိမ္မာရေးခြားရှိပြီး မိဘအပေါ်မှာ သိတတ်တဲ့ သုတရဲ့ ပုံရိပ်လေးတွေကတော့ မြင်ရသူတိုင်း ကြည့်နူးပီတိဖြစ်ရပါတယ်။


ဒါ့အပြင် ဒီပုံရိပ်လေးတွေနဲ့လည်း သုတအောင်က " အမေ့အကြည့်တွေကို သားသိတယ်အမေ သားခုအလုပ်တွေလည်း လုပ်နေရပါပီ အဖေနဲ့အမေ ခုလည်းသားအလုပ်လုပ်လို့အနုပညာကြေးထဲက အခုကိုများများစားစား ကန်တော့နိုင်တာ ဒါပထမဆုံးပါ ပြီးတော့ အဖေနဲ့အမေတို့ အိမ်လေးကိုပြန်ပြင်ဆောက်ချင်နေတာ သားသိတယ် စိတ်ချ သားပြင်ဆောက်ပေးမယ်...လစဉ်လည်းသားကန်တော့်နိုင်တော့မှာပါ အဖေနဲ့အမေ နောက်ပြီး ရန်ကုန်ကိုလည်း အမြန်ဆုံးခေါ်နိုင်အောင်ကြိုးစားပါ့မယ် အဖေနဲ့အမေ.....အဖေကတော့ နယ်ရောက်နေလို့ မကန်တော့လိုက်ရဘူးဗျာ ..ချစ်တယ်အဖေနဲ့အမေ" ဆိုပြီး ရေးသားထားခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Source - THUTA AUNG - သုတအောင်





