ကမ္ဘာကျော်သရုပ်ဆောင်ကြီး ဂျက်ကီချန်းရဲ့သမီးဖြစ်တဲ့ Etta Ng Chok Lam ကို မကြာသေးမီက ကနေဒါမှာတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့မှာ တရုတ်မီဒီယာတွေရဲ့ အဆိုအရ ရုပ်ရှင်မင်းသားကြီးဂျက်ကီချန်းရဲ့ သမီးဖြစ်တဲ့ Etta Ng Chok Lam ကို အိမ်ခြေရာမဲ့တွေနဲ့ဆင်းရဲသားတွေကို အစားအစာဝေမျှပေးတဲ့နေရာမှာ တန်းစီနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဂျက်ကီချန်းရဲ့သမီးဖြစ်တဲ့ Etta Ng Chok Lam က ဆံပင်အတိုနဲ့ ဟူဒီအနွေးထည် ဝတ်ဆင်ထားပြီး ညှိးငယ်တဲ့ပုံစံဖြစ်နေပါတယ်။ မျက်မြင်တွေ့ရှိခဲ့တဲ့အဆိုအရ ဂျက်ကီချန်းရဲ့သမီး ဖြစ်သူ အစားအစာ တန်းစီနေတဲ့နေရာကဝင်ငွေနည်းတဲ့ မိသားစုတွေကို ဝေပေးတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။ အခြား Netizen တစ်ယောက်ကလည်းEtta Ng Chok Lam ကို ကနေဒါနိုင်ငံမှာရှိတဲ့ တရုတ်တန်းမှာ အချိန်ပိုင်းအလုပ်လုပ်နေတာတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Etta Ng Chok Lam ဟာဆိုရင် မကြာသေးမီက သူမထက် ၁၂ နှစ်ပိုပြီးကြီးတဲ့ ကနေဒါ influencer ဖြစ်တဲ့ Andi Autumn နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ လက်ထပ်ပြီးနောက်မှာ အခုလိုမျိုး အိမ်ခြေရာမဲ့အနေနဲ့ သူတို့နှစ်ဦးတွေ့ခဲ့ကြတာကြောင့် ပရိသတ်တွေ များစွာက အံ့သြတုန်လှုပ်သွားကြပါတယ်။


Etta Ng Chok Lam က မင်းသားကြီးဂျက်ကီချန်းရဲ့ဇနီးဟောင်းနဲ့ ရထားတဲ့သမီးဖြစ်ပါတယ်။ သူမက ၁၉၉၉ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်လို့ အသက်က ၂၃ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။

ဂျက်ကီချန်းရဲ့ သမီးက လိင်တူချင်း ကြိုက်နှစ်သတ်တဲ့သူဖြစ်ပြီး သူမရဲ့ ဖခင်ကြီး ဂျက်ကီချန်းက သူမနဲ့သူမချစ်သူကောင်မလေးတို့ကို သဘောမတူခဲ့ဘူးလို့လည်း ဧပြီလ ၂၀၁၈ ခုနှစ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။





