တောင်ကိုရီးယားမင်းသမီး Chae Rim ဟာဆိုရင် တစ်ခေတ်တစ်ခါက ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေကြားမှာ ဂျင်ဆန်းမီလို့လူသိများခဲ့တဲ့ မင်းသမီး ဖြစ်ပါတယ်။Chae Rim က အိမ်ထောင် နှစ်ဆက်ကျခဲ့တဲ့သူဖြစ်ပြီး နှစ်ဆက်လုံးနဲ့ ကံမကောင်းခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားမှုတွေ အများကြီးကို ရရှိပိုင်ဆိုင်ခဲ့တဲ့သူဆိုပေမယ့် အနုပညာလောကိုစိတ်နာပြီး အနုပညာလမ်းကြောင်းပေါ်ကို ပြန်တက်ဖို့လည်း စိတ်အားထက်သန်ခြင်း မရှိတော့တဲ့သူဖြစ်ပါတယ်။ Chae Rim က လက်ရှိမှာ Single Mother တစ်ယောက်အဖြစ် ကြံ့ကြံ့ခံ ရပ်တည်ရင်း Wooliliwoo လို့အမည်ရတဲ့အလှကုန်ပစ္စည်း အမှတ်တံဆိပ်လေးတွေကို ဖြန့်ဝေနေပါတယ်။

သူမက Wooliliwoo အမှတ်တံဆိပ်လေးကိုကလေး မေမေတွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ သားသားမီးမီးလေးတွေကိုထိန်းရင် ဓာတုပစ္စည်းတွေ အများကြီးပါဝင်တဲ့ အလှကုန်တွေလိမ်းပြီး မထိန်းချင်တဲ့ မေမေတွေ ၊ ရင်သွေးလေးတွေကို နမ်းရင် နူးညံ့တဲ့ ကလေးအသားအရည်လေးကို မိတ်ကပ်တွေ မပေစေချင်တဲ့ မေမေတွေအတွက်ရည်ရွယ်ထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မင်းသမီး Chae Rim က လက်ရှိမှာ သူမရဲ့သားလေးနဲ့အတူ Wooliliwoo အလှကုန်ပစ္စည်းတံဆိပ်လေးအောင်မြင်ဖို့အတွက် ကြိုးစားလျက်ရှိပါတယ်။

အောင်မြင်တဲ့ အလှကုန် ကုမ္ပဏီလေးတည်ထောင်ဖို့အတွက် ဘဝကြီးကိုကြိုးစားရုန်းကန်လျက်ရှိတဲ့ ဆန်းမီးခေါ် Chae Rim လေး သူမဖြစ်ချင်တဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
