ဇာတ်ကားသစ်မိတ်ဆက်ပွဲမှာ "အမေ" လို့ခေါ်တာခံလိုက်ရတဲ့ "IU"..

//s9.kh1.co/7d/7dcb38785cf6b40a737b2f256e0fabf2dda8d194.jpg
အနုပညာရှင်များ

 ၁၀-အောက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၄ နှစ် က

IU က အမေလို့ခေါ်ခံခဲ့ရကာ သူ့ရဲ့တုံ့ပြန်ပုံလေးက…

IU ဟာဆိုရင်လက်ရှိမှာသူပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားသစ် Broker အတွက် promotion ဆင်းလျက်ရှိပါတယ်။ ၂၇ ကြိမ်မြောက် ဘူဆန်ရုပ်ရှင်ပွဲတော်မှာလည်း IU ကသူ့ရဲ့ဇာတ်ကားသစ်ကို မိတ်ဆက်ခဲ့ပြီး စားပွဲဝိုင်းဆွေးနွေးပွဲတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/6c/6c3d6fd84d845376fc09d07393cfd0a6d6326198.jpg

အဲ့ဒီဆွေးနွေးဝိုင်းမှာပဲ IU က အမေလို့ခေါ်ခံခဲ့ရကာ သူ့ရဲ့တုံ့ပြန်ပုံလေးက ချစ်စရာကောင်းပြီး ရယ်စရာလည်းကောင်းတာတွေ့ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=902,q=100/bc/bc574c7b419802901386d046256f2acec34f04d3.jpg

IU ရဲ့ ဇာတ်ကားသစ် Broker ဟာဆိုရင် 2009 ခု‌နှစ်လောက်ကဖြစ်ခဲ့တဲ့ ဘုရာကျောင်းတွေမှာ ကလေးတွေကိုသေတ္တာတွေနဲ့စွန့်ပစ်မှုအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ မိဘတွေအနေနဲ့မိမိမွေးလာတဲ့ ကလေးတွေကို တာဝန်မယူနိုင်ပါက သေတ္တာနဲ့စွန့်ပစ်ထားခဲ့နိုင်ကာ IU အနေနဲ့ ကလေးကိုစွန့်ပစ်ခဲ့တဲ့ မိခင်တစ်ဦးနေရာကနေ‌သရုပ်ဆောင်ထားတာတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/2d/2d91ca4298118788ed05c4479bbd68c8ebdc5980.jpg

ဒါကြောင့်ပွဲမှာ IU ကို မေမေ 'Mom' လို့ခေါ်ခံခဲ့ရတာဖြစ်ပြီး IU က ချက်ချင်းမရိပ်မိဘဲ တော်တော်ကြာမှသဘောပေါက်လာကာ ထရယ်တာတွေ့ခဲ့ရပါတယ်။ ဘူဆန်ရုပ်ရှင်ပွဲဟာ တောင်ကိုရီးယားရဲ့အကြီးဆုံးရုပ်ရှင်ပွဲတွေထဲကတစ်ခုဖြစ်ပြီး အခုပွဲကို IU အနေနဲ့ သူ့ရုပ်ရှင်ကားကိုမိတ်ဆက်ဖို့ ပထမဆုံးအကြိမ်အဖြစ်တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=868,q=100/6e/6eb0f4adf37f7a36676bdb520fee5da05e142359.jpg

IU ရဲ့ချစ်စရာကောင်းတဲ့အပြုအမူကတော့ အွန်လိုင်းပေါ်မှာတော်တော်လေး ပျံ့နှံ့နေပြီး ပရိသတ်တွေရဲ့ အားပေးမှူကို တခဲနက်ရရှိနေပါတယ်။

Photos- credit

Source: Koreaboo 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T