မနေ့ကကျင်းပခဲ့တဲ့ The fact ဆုပေးပွဲကြီးမှာဆိုရင် K-pop အဖွဲ့တော်တော်များများတက်ရောက်လာတာတွေ့ခဲ့ရပါတယ်။ ပွဲမှာ BTS အဖွဲ့ကအထူးဆုကြီးအပါအဝင် ဆုကြီး 7 ဆုရရှိခဲ့ပြီး ပွဲရဲ့အဓိကအာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်မနေ့ကပွဲမှာ BTS ဆုရတာထက်ပိုပြီး လူတွေစိတ်ဝင်စားနေကြတဲ့အကြောင်းအရာလေးတစ်ခုကတော့ BTS အဖွဲ့ဝင် V ပဲဖြစ်ပါတယ်။ V ဟာ social ကောင်းသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ Junior လေးတွေဖြစ်တဲ့ TXT အဖွဲ့ဝင်တွေနဲ့ စကားပြောနေကြတာ သူ့ကိုယ်သူ BTS အဖွဲ့ဝင်မှန်းမေ့သွားတဲ့အထိပါပဲ။

ပွဲအပြီး အနုပညာရှင်တွေဟာစင်ပေါ်ကဆင်းလာကြပြီးနောက် Bts အဖွဲ့ဟာလည်းပဲ အဖွဲ့လိုက်ဓာတ်ပုံတစ်ပုံရိုက်ဖို့ ပြင်ခဲ့ကြပါတယ်။ BTS အဖွဲ့ဝင်တွေဟာ ဓာတ်ပုံရိုက်ဖို့အဆင်သင့်ဖြစ်နေချိန် သူတို့ထဲကအဖွဲ့ဝင်တစ်ဦးပျောက်နေတာ တွေ့ခဲ့ရပါတယ်။ အဲ့ဒီသူကတော့ V ပဲဖြစ်ပါတယ်။


V ကိုသူ့အဖွဲ့ဝင်တွေလိုက်ရှာနေချိန်မှာတော့ V က TXT ကသူ့ဂျူနီယာလေးတွေနဲ့စကားကောင်းနေပြီး သူ့ကိုလိုက်ရှာနေမှန်းတောင်သိပုံမရပါဘူး။ ဒါပေမယ့် တော်တော်ကြာတဲ့အခါမှာတော့ txt အဖွဲ့ဝင် Yeonjun နဲ့ Soobin အခြေအနေကိုသဘောပေါက်သွားပြီး သူတို့စီနီယာကြီး V ကိုလက်တို့သတိပေးခဲ့တာတွေ့ရပါတယ်။ အဲ့ဒီအချိန်မှ V ဟာသူ့အဖွဲ့ကို သတိရပြီး ကမန်းကတန်းပြေးသွားတာ တွေ့ရပါတယ်။


ပရိသတ်တွေကတော့ V သူ့အဖွဲ့ကိုတောင်မေ့ပြီး TXT နဲ့စကားကောင်းနေတာ ဘာတွေပြောနေကြလို့ပါလိမ့်ဆိုပြီး သိချင်နေကြကာ V ရဲ့အခုလိုချစ်စရာကောင်းပုံကိုလည်း အားပေးနေကြပါတယ်။
Photos-credit
Source: Koreaboo