Single Mother အဖြစ်သားလေးနဲ့အတူ ကိုယ်ပိုင်ကုမ္ပဏီထောင်ဖို့ ကြိုးစားနေတဲ့ဆန်းမီ

//s9.kh1.co/95/95a908493645869274d7c1f563d5a6841d3aed8b.jpeg
အနုပညာရှင်များ

 ၀၉-အောက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

Single Mother အဖြစ်သားလေးနဲ့အတူ ကိုယ်ပိုင်ကုမ္ပဏီထောင်ဖို့ ကြိုးစားနေတဲ့ဆန်းမီ

တောင်ကိုရီးယားမင်းသမီး Chae Rim ဟာဆိုရင် တစ်ခေတ်တစ်ခါက ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေကြားမှာ ဂျင်ဆန်းမီလို့လူသိများခဲ့တဲ့ မင်းသမီး ဖြစ်ပါတယ်။ 

Google
Google
Google
Google

Chae Rim က အိမ်ထောင် နှစ်ဆက်ကျခဲ့တဲ့သူဖြစ်ပြီး နှစ်ဆက်လုံးနဲ့ ကံမကောင်းခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။အောင်မြင်ကျော်ကြားမှုတွေ အများကြီးကို ရရှိပိုင်ဆိုင်ခဲ့တဲ့သူဆိုပေမယ့် အနုပညာလောကိုစိတ်နာပြီး အနုပညာလမ်းကြောင်းပေါ်ကို ပြန်တက်ဖို့လည်း စိတ်အားထက်သန်ခြင်း မရှိတော့တဲ့သူဖြစ်ပါတယ်။ 

Google
Google

Chae Rim က လက်ရှိမှာ Single Mother တစ်ယောက်အဖြစ် ကြံ့ကြံ့ခံ ရပ်တည်ရင်း Wooliliwoo လို့အမည်ရတဲ့အလှကုန်ပစ္စည်း အမှတ်တံဆိပ်လေးတွေကို ဖြန့်ဝေနေပါတယ်။ သူမက Wooliliwoo အမှတ်တံဆိပ်လေးကိုကလေး မေမေတွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

Google
Google

သားသားမီးမီးလေးတွေကိုထိန်းရင် ဓာတုပစ္စည်းတွေ အများကြီးပါဝင်တဲ့ အလှကုန်တွေလိမ်းပြီး မထိန်းချင်တဲ့ မေမေတွေ ၊ ရင်သွေးလေးတွေကို နမ်းရင် နူးညံ့တဲ့ ကလေးအသားအရည်လေးကို မိတ်ကပ်တွေ မပေစေချင်တဲ့ မေမေတွေအတွက်ရည်ရွယ်ထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

Instagram
Instagram

မင်းသမီး Chae Rim က လက်ရှိမှာ သူမရဲ့သားလေးနဲ့အတူ Wooliliwoo အလှကုန်ပစ္စည်းတံဆိပ်လေးအောင်မြင်ဖို့အတွက် ကြိုးစားလျက်ရှိပါတယ်။ 

Instagram
Instagram

အောင်မြင်တဲ့ အလှကုန် ကုမ္ပဏီလေးတည်ထောင်ဖို့အတွက် ဘဝကြီးကိုကြိုးစားရုန်းကန်လျက်ရှိတဲ့ ဆန်းမီးခေါ် Chae Rim လေး သူမဖြစ်ချင်တဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T