ဂျပန်နိုင်ငံရဲ့ ခေတ်ပေါ်ဂီတကို တိုတက်လာအောင် ဦးဆောင်ခဲ့တဲ့ Avant-garde စန္ဒယားပညာရှင် နှင့် တေးရေးဆရာ Toshi Ichiyanagi ကွယ်လွန်သွားခဲ့ပြီလို့ နိုင်ငံတကာသတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ Toshi Ichiyanagi ဟာ အသက် ၈၉ နှစ်ရှိပြီလို့ သိရပါတယ်။

Ichiyanagi ရဲ့ အထွေထွေအနုပညာဒါရိုက်တာအဖြစ် လုပ်ဆောင်ခဲ့တဲ Kanagawa Arts Foundation ရဲ့အဆိုအရ သူဟာ သောကြာနေ့မှာ ကွယ်လွန်သွားခဲ့ဖြစ်ပြီး ဘာကြောင့် ကွယ်လွန်သွားခဲ့လဲဆိုတဲ့ အကြောင်းရင်းကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

Ichiyanagi ဟာ New York ရှိ Juilliard School မှာ ပညာသင်ကြားခဲ့ပြီးနောက် သူဝါသနာပါရာ ဂီတလမ်းကို လျှောက်လှမ်းလာခဲ့ တာဖြစ်ပါတယ်။ ဂီတမှာ သူဟာ တေးရေးတစ်ယောက်အဖြစ် ထူးချွန်တဲ့အပြင် ရိုးရာဂျပန်ရိုးရာတူရိယာများသာမက အီလက်ထရွန်းနစ်ဂီတကိုပါ ကျွမ်းကျင်စွာ တီးခတ်နိုင်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ဂီတလမ်းခရီးမှာလည်း ရှေးဆောင်လမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - ABC NEWS