ကြည့်ကိုကြည့်သင့်တဲ့ Lee Jung Suk နဲ့ Cha Eun Woo တို့ပါမဲ့ အက်ရှင်ဇတ်ကားသစ်…

//s9.kh1.co/30/30858a7dda751a8ff88de7d4aa5d2ce59d92555e.jpg
အနုပညာရှင်များ

 ၀၈-အောက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဆိုးလ်တစ်မြို့လုံးဗုံးထောင်ပြီး ခြိမ်းခြောက်နေတဲ့…

စိတ်ဝင်စားစရာ action ဇာတ်ကားတစ်ကားဟာဆိုရင်တော့ နောက်လ ၁၆ ရက်နေ့မှာထွက်လာတော့မှာပါ။ 'Decibel' လို့နာမည်ပေးထားတဲ့ အဆိုပါ action ကားမှာ နာမည်ကြီးမင်သားတွေဖြစ်တဲ့ Lee Jung Suk, Kim Rae Won, Park Byung Eun နဲ့ Cha Eun Woo တို့ကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ရေတပ်အရာရှိတို့ကြားက စိတ်ဝင်စားဖွယ်ဇာတ်လမ်းကို သဲထိပ်ရင်ဖိုရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=425,q=100/fc/fcef6dc0a2dd0eb7bbf30f4286a5a2dde74fb3a9.jpg

မကြာခင်ကမှထွက်လာတဲ့ Trailer ထဲမှာတော့ Lee Jung Suk ကိုဆိုးလ်တစ်မြို့လုံးဗုံးထောင်ပြီး ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်ခေါင်းဆောင်အဖြစ်မြင်ရမှာဖြစ်ပြီး သူဟာ ရေတပ်မှာတာဝန်ထမ်းဆောင်ဖူးတဲ့ရေတပ်အရာရှိဟောင်းလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a5/a5374835d8ce7a00e2e080b8a58f072775ad1b87.jpg

Kim Rae Won ကတော့ Lee Jong Suk ရဲ့ဗုံးထောင်မှုတွေကိုစုံစမ်းပြီး အပြစ်မဲ့သူတွေကိုကယ်တင်ဖို့ကြိုးပမ်းနေတဲ့ ရေတပ်အရာရှိဖြစ်ပြီး Chan Eun Woo တို့ဟာလည်းသူ့အဖွဲ့ဝင်တွေအဖြစ်ပါဝင်ကြမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=814,q=100/1b/1bbb13debc8217e87dad02e5c4cfc7d6f74ba6a1.jpg

မကြာခင်ကမှ Big Mouth မှာပီပြင်တဲ့သရုပ်‌ဆောင်ကွက်တွေကြောင့် လူတွေရဲ့အားပေးမှုကိုရထားတဲ့ Lee Jung Suk ကတော့အခုဇာတ်ကောင်ကိုလည်းပိုင်နိုင်စွာသရုပ်ဆောင်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ 
Photos- credit

Source: Allkpop 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T