တောင်ကိုရီးယားမင်းသား Jang Hyuk ဟာဆိုရင် ပြိုင်စံရှား အရည်အချင်းတွေနဲ့ စွမ်းဆောင်ရည်ပြည့်ဝလွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် တခဲနက်အောင်မြင်မှုတွေ ရရှိဖူးတဲ့ မင်းသားဖြစ်ပါတယ်။ Jang Hyuk ဟာ အောင်မြင်မှုတွေ တဟုန်ထိုး ရရှိနေတဲ့အချိန်မှာ ကိစ္စတစ်ခုကြောင်း အသက်မွေးဝမ်းကြောင်း လုပ်ငန်းတောင် ပျောက်လုနီးပါး ဖြစ်ခဲ့တဲ့သူဖြစ်ပါတယ်။

Jang Hyuk ရဲ့ နာမည်အရင်းက Jeong Yong Jun ဖြစ်ပြီး ၁၉၇၆ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင်နဲ့ ရက်ပ်ပါ အဆိုတော် တစ်ယောက်ဖြစ်ခဲ့တဲ့ Jang Hyuk ဟာ ၁၉၉၇ ခုနှစ်မှာ နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်လာပြီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေ တော်တော်များများမှာ ပါဝင်ခဲ့ပါတယ်။Jang Hyuk က ၂၀၀၁ ခုနှစ်မှာ နာမည်စပြီး ကြီးလာခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ Jang Hyuk ဟာ Jungle Juice ဇာတ်လမ်းနဲ့ အောင်မြင်မှု တွေရရှိခဲ့ပြီးနောက်မှာ Successful Story of a Bright Girl ဇာတ်လမ်းတွဲနဲ့ ထိန်းချုပ်လို့ မရတဲ့ အောင်မြင်မှုတွေကိုရရှိခဲ့ပါတယ်။၂၀၀၄ ခုနှစ်မှာတော့ Jang Hyuk ဟာ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Song Seung Heon နဲ့ Han Jae Suk တို့နဲ့အတူ စစ်မှုထမ်းဆောင်ရန် ငြင်းဆန်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး နာမည်ပျက်ရရှိခဲ့ပါတယ်။

Jang Hyuk က သတင်းထွက်ထွက်လာချင်းမှာ လူသိရှင်ကြား တရားဝင်တောင်းပန်ခဲ့ပြီးနောက်မှာ ချက်ချင်းဆိုသလို စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။တားဆီးလို့မရအောင် နာမည်ကျဆင်းပြီးနောက်မှာ တော့ တဖြည်းဖြည်းနဲ့ နာမည် ပြန်ဆယ်လာနိုင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ Jang Hyuk က သူ့ထက် ၂ နှစ်ကြီးတဲ့ ဘဲလေးကချေသည်ဟောင်း Kim Yeo Jin နဲ့လက်ထပ်ခဲ့ပြီး ပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်။

သူတို့နှစ်ဦးက ၂၀၀၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူကို အရင်ဆုံး သဘောကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာ Jang Hyuk က ချစ်စရာ ကလေး ၃ ယောက်နဲ့ ပျော်ရွှင်စရာ မိသားစုဘဝကို ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။

အလုပ်တွေ ပြည့်နေတဲ့ အချိန်မှာတောင် Jang Hyuk က သူ့မိသားစုအတွက် အမြဲတမ်း အချိန်ပေးဖြစ်နေပြီး မိသားစုကို ပေးထားတဲ့ ကတိတွေ အမြဲတည်နေတဲ့ သူဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်း ပျောက်လုနီးပါး ဖြစ်ခဲ့တဲ့ တစ်ချိန်က နာမည်ကြီး သရုပ်ဆောင်မင်းသားကြီး Jang Hyuk ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။