ဂေးတစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့မိလို့ ထိုးကြိတ်ခြင်းခံခဲ့ရတဲ့ တောင်ကိုရီးယားအဆိုတော်

//s9.kh1.co/3a/3ab514c34447448dca0fe0009bb98e4bd198b043.jpg
အနုပညာရှင်များ

 ၀၆-အောက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ဂေးတစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့မိလို့ ထိုးကြိတ်ခြင်းခံခဲ့ရတဲ့ တောင်ကိုရီးယားအဆိုတော်

တောင်ကိုရီးယား အဆိုတော်တစ်ယောက်ဖြစ်တဲ့ Holland ဟာဆိုရင် ဂေး တစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့မိတာကြောင့် လမ်းအလယ်ခေါင်မှာ အနိုင်ကျင့် နှိပ်စက်ခြင်း ခံခဲ့ရပါတယ်။ အဆိုတော် Holland ဟာ တောင်ကိုရီးယား အမျိုးသားများဆီကနေ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခြင်း ခံခဲ့ရပြီး လမ်းလယ်ခေါင်မှာ အနိုင်ကျင့် နှိပ်စက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=649,q=100/12/12906093e22f008a184642bccf4b4685116b89fd.jpg

Holland ဟာ သူ့ကိုယ်သူ ဂေး (လိင်တူခြင်း ချစ်ကြိုက်သူ) တစ်ယောက်ပါလို့ ဝန်ခံခဲ့တာကြောင့် Itaewon မှာရှိတဲ့ အမည်မသိတဲ့ အမျိုးသားတွေဆီကနေ အနိုင်ကျင့် နှိပ်စက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားက Holland ရဲ့ မျက်နှာကို ဒဏ်ရာများ ရတဲ့အထိ ရုတ်တရတ် ဝင်ရောက်ထိုးကြိတ်ခဲ့ပြီး ရိုင်းစိုင်းတဲ့ စကားလုံးများ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/b4/b4271b704f6cc4826f5f033c441a48c0d731afee.jpg

Holland ဟာ ရရှိထားတဲ့ ဒဏ်ရာများကို ကုသမှု ခံယူဖို့အတွက် ဆေးရုံအထိ သွားခဲ့ရတယ်လို့ သိရပါတယ်။Holland က သူ့ရဲ့ ကိုယ်ပိုင် လူမှု ကွန်ရက် စာမျက်နှာကနေ တစ်ဆင့် အခုလို ကိစ္စဟာ မူခင်းတစ်ခုဖြစ်ကြောင်း ၊ အခုလိုမျိုး ကိုယ်ထိလက်ရောက် စော်ကားမှုမျိုးကို သူ့အနေနဲ့ လက်မခံသင့်ကြောင်း LGBT တွေသာမက အခြား အမျိုးသမီးတွေနဲ့ ဘယ်လို လိင်ပိုင်းဆိုင်ရာ ခံယူချက်မျိုး ရှိတဲ့သူမဆို ခွဲခြား ဆက်ဆံမှုမျိုးနဲ့ မထိုက်တန်ကြောင်း Holland က ဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/4e/4e052c472830cda438496ee4d6431b0437716b03.jpg

Holland ရဲ့ ဝေမျှချက်ပြီးတဲ့နောက်မှာ ပရိသတ်တွေ အများကြီးက Holland ဘက်ကနေ ရပ်တည်ခဲ့ပြီး Holland ကို ထောက်ခံကြောင်း အမြန်ဆုံး သက်သာလာဖို့အတွက် မျှော်လင့်ကြောင်း ပြသခဲ့ကြပါတယ်။Holland ရဲ့ နာမည်အရင်းက Go Tae Seob ဖြစ်ပြီး ၁၉၉၆ ခုနှစ်တုန်းက မွေးဖွားခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/7d/7dfa4a6b588346b87f7115007b08a3fbf0844c7b.jpg

ယောက်ျားလေး အဆိုတော် တစ်ယောက်ဖြစ်တဲ့ Holland က ၂၀၁၈ ခုနှစ်မှာ ပထမဦးဆုံး ပွဲဦးထွက်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားမှာ များပြားလှတဲ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ Holland က တောင်ကိုရီးယား ဂေး အဖြစ်ခံယူထားတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့ LGBT ထောက်ခံသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T