ဆမ်ဆောင်းမိသားစု သူဌေးသားတွေနဲ့ လက်ထပ်ပြီး မိုးနဲ့မြေလို ကွာခြားတဲ့ ဘဝရှိခဲ့တဲ့ မင်းသမီးနှစ်ယောက်

//s9.kh1.co/f0/f09998e22bac3d4be9b95e2a6a2a3d9e0040a237.jpg
အနုပညာရှင်များ

 ၀၆-အောက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ဆမ်ဆောင်းမိသားစု သူဌေးသားတွေနဲ့ လက်ထပ်ပြီး မိုးနဲ့မြေလို ကွာခြားတဲ့ ဘဝရှိခဲ့တဲ့ မင်းသမီးနှစ်ယောက်

ချမ်းသာတဲ့ သူတွေနဲ့ လက်ထပ်တယ်ဆိုတာ တစ်ခါတစ်လေမှာ ဆိုးရွားလွန်းတဲ့ အရာကြီးဖြစ်ပါတယ်။ အမျိုးသမီးတွေ အများစုက ချမ်းသာတဲ့သူတွေနဲ့ လက်ထပ်ချင်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ချမ်းသာတဲ့ သူနဲ့လက်ထပ်တာက အင်မတန်ကို ပင်ပန်းဆင်းရဲ့ဖို့ ကောင်းလွန်းတဲ့ ဖြစ်ရပ်ကြီး ဖြစ်ပါတယ်။အခုဖော်ပြပေးတဲ့ တောင်ကိုရီးယား မင်းသမီး နှစ်ယောက်ကလည်း ချမ်းသာတဲ့ သူတွေနဲ့ လက်ထပ်ခဲ့ကြပေမယ့် သူတို့ရဲ့ ဘဝတွေက မိုးနဲ့မြေလိုမျိုး ကွာခြားပါတယ်။ နှစ်ဦးစလုံးက ဆမ်ဆောင်းအုပ်စု မိသားစုဝင်တွေနဲ့ လက်ထပ်ခဲ့ကြရပေမယ့် တစ်ယောက်က ဆိုးရွားလွန်းတဲ့အတွေ့အကြုံတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျွန်တစ်ယောက်လိုမျိုး ဆက်ဆံခြင်း ခံခဲ့ရပါတယ်။ နောက်တစ်ယောက်ကတော့ ချစ်တတ်တဲ့ ခင်ပွန်းကို ရရှိပိုင်ဆိုင်ခဲ့ပြီး သာယာပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို ရရှိခဲ့ပါတယ်။ အသေးစိတ်ကို ဆက်ပြီး ဖတ်ကြည့်သွားပါနော်။

https://s9.kh1.co/__image/w=620,h=962,q=100/c7/c7b47f162fc9f100c009bec33ba7441cc61bbe83.png

Go Hyun Jung

တောင်ကိုရီးယား မင်းသမီး Go Hyun Jung က ၁၉၈၉ ခုနှစ်မှာ မစ္စကိုရီးယားတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့သူဖြစ်ပြီး နူးညံတဲ့ အပြုံးတွေကြောင့် မျက်နှာမြင်တိုင်း ချစ်ခြင်းခံခဲ့ရတဲ့ သူဖြစ်ပါတယ်။ Go Hyun Jung က အနုပညာ လမ်းကြောင်းထက်ဆီမှာလည်း အချိန်ခဏအတွင်း အောင်မြင်မှုတွေ ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=620,q=100/d2/d2508c868f9606af4c049c84833bce7e157f6adc.png

Go Hyun Jung က ဆမ်ဆောင်းဥက္ကဌကြီးရဲ့ မြေးဖြစ်သူနဲ့ လက်ထပ်ပြီးတဲ့နောက်မှာ အနုပညာလမ်းကြောင်းထက်ဆီကနေ နှုတ်ထွက်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ Go Hyun Jung အိမ်ထောင်ကျ ကံကောင်းတယ်လို့ ယူဆခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ သူမရဲ့ ဘဝကြီးက ကြောက်ခမန်းလိလိ ဆိုးရွားခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/4b/4b827809fd2a8753391f6420db4a5529c502787e.png

၂၀၀၃ ခုနှစ်မှာ Go Hyun Jung က သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီး ကလေးတွေကိုပါ တွေ့ဆုံခွင့် မရရှိခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူရဲ့ မိသားစုဝင်တွေက မိသားစုတွေ့ဆုံပွဲ လုပ်တဲ့ အချိန်မှာ အင်္ဂလိပ်ဘာသာစကားတစ်ခုတည်း အသုံးပြုတာကြောင့် Go Hyun Jung က အင်္ဂဘာသာစကားကို လေ့လာဖို့အတွက် အသည်းအသန် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

ခင်ပွန်းဖြစ်သူ ဘက်ကနေ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့် နှိပ်စက်မှု ဖိအားတွေအပေးခံခဲ့ရတဲ့ Go Hyun Jung ဟာ ရင်သွေးလေးနှစ်ယောက် မွေးပေးပြီးတဲ့နောက်မှာ သဘောတူညီမှုတွေ ပြုလုပ်ပြီး ကွာရှင်းပေးခဲ့ပါတယ်။

Im Yoo Jin

https://s9.kh1.co/__image/w=620,h=899,q=100/cb/cb2016fc29f574713c0a0b91e71ba517afeffbeb.png

တောင်ကိုရီးယား မင်းသမီး Im Yoo Jin ဟာဆိုရင်လည်း Go Hyun Jung လိုပဲ ချမ်းသာတဲ့ မိသားစုက သားဖြစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့ ဘဝကတော့ Go Hyun Jung လိုမျိုး မဆိုးရွားပါဘူး။ Im Yoo Jin လက်ထပ်ခဲ့တဲ့သူက ဆမ်ဆောင်း ဒုတိယဥက္ကဌဟောင်းရဲ့ သားဖြစ်ပါတယ်။ Im Yoo Jin ရဲ့ ခင်ပွန်းဖြစ်သူ နာမည်က Yoon Tae Young ဖြစ်ပါတယ်။ သူက ချမ်းသာတဲ့ သူဌေးတစ်ယောက်ဖြစ်ရုံသာမက သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=466,q=100/ea/ea08a3959d5e612e0176fe52c14146f503c7370c.png

Im Yoo Jin နဲ့ Yoon Tae Young တို့က ၂၀၀၇ ခုနှစ်မှာ ကြီးကျယ်ခမ်းနားစွာ လက်ထပ်ခဲ့ကြပြီး ဧည့်သည် ၄၀၀၀ ကျော်အထိ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။ လက်ထပ်ပြီး ၁၅ နှစ်ကြာသွားပြီးတဲ့နောက်မှာ Im Yoo Jin က ရင်သွေးလေး ၃ ယောက်ဖွားမြင်ခဲ့ပါတယ်။ Im Yoo Jin ကတော့ လက်ရှိအချိန်အထိ နားလည်မှု အပြည့်ရှိတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတုန်းပဲဖြစ်ပါတယ်။ဆမ်းဆောင်းသူဌေးတွေရဲ့ မိသားစုဝင်တွေနဲ့ လက်ထပ်ခဲ့ရပေမယ့် မိုးနဲ့မြေလိုမျိုး ခြားနားတဲ့ ဘဝကို ရရှိခဲ့တဲ့ တောင်ကိုရီးယား မင်းသမီးကြီး နှစ်ယောက်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T