ကင်တေဟီးနဲ့တူတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်နေတဲ့ သတင်းတွေထွက်နေတဲ့ ရိန်း

//s9.kh1.co/0a/0a7aa9d1295290e2fd8f8c6c1799ec0f3be17b57.jpeg
အနုပညာရှင်များ

 ០៦-តុលា-២០២២ ២ល្ងាច · ៤ ឆ្នាំមុន

ကင်တေဟီးနဲ့တူတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်နေတဲ့ သတင်းတွေထွက်နေတဲ့ ရိန်း

မကြာသေးမီက တောင်ကိုရီးယား အဆိုတော် ၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရိန်းက ဇနီးဖြစ်သူကင်တေဟီးကိုလိမ်လည်လှည့်စားပြီး ဂေါက်ကစားသမားကောင်မလေးတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းတွေထွက်ရှိလာခဲ့ပါတယ်။ 

Google 
Google 

အဆိုပါသတင်းနဲ့ပတ်သက်ပြီး ရိန်းရဲ့ အေဂျင်စီဘက်ကနေ ကောလာဟလတွေကို ငြင်းဆန်ခဲ့ပါတယ်။ ရိန်းရဲ့အေဂျင်စီက အဆိုပါ ကြေညာချက်ကို လေးလေးနက်နက်နဲ့ ပြတ်ပြတ်သားသား ထုတ်ပြန်ခဲ့တာဖြစ်ပြီး အွန်လိုင်းပေါ်က ကောလာဟလတွေက မမှန်ကန်ကြောင်း ၊ အခြေအမြစ်မရှိကြောင်းကို ငြင်းဆိုခဲ့ပါတယ်။ ကောလာဟလတွေနဲ့ပတ်သက်ပြီးတော့လည်း တရားဝင် ကြေညာချက်တစ်ခု မကြာခင်မှာ ထုတ်ပြန်ပေးမယ်လို့လည်း ထပ်မံကြေညာခဲ့ပါသေးတယ်။ 

Google
Google

ရိန်းက ဂေါက်ရိုက်ကစားသမားအမျိုးသမီးနဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့သတင်းက တောင်ကိုရီးယားမှာ တော်တော်လေး နာမည်ကြီးခဲ့တဲ့ သတင်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အနုပညာရှင်တွေရဲ့ ဂုဏ်သိက္ခာအတွက် အေဂျင်စီဘက်ကနေ ချက်ချင်းဖြေရှင်းပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ရိန်းက ရွှေမင်းသမီးလေးလိုမျိုးလှပတဲ့ကင်တေဟီးကို ထားသွားပြီး ဂေါက်ကစားသမားနဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းက လုံးဝ မဖြစ်နိုင်ဘူးလို့ထင်ကြေးပေးထားကြပါတယ်။

Google
Google
Google
Google

တောင်ကိုရီးယား အဆိုတော်သရုပ်ဆောင်ရိန်းက ၊ မင်းသမီး ကင်တေဟီးနဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီးလက်ရှိမှာ သမီးလေး နှစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T