တစ်ချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် ဇာတ်လမ်းတွေထဲမှာ မတွေ့ရတော့တဲ့ မင်းသမီး

//s9.kh1.co/c0/c06410d663c9c4565bbb72627f7299eef27b69c7.jpg
အနုပညာရှင်များ

 ၀၆-အောက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

တစ်ချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် ဇာတ်လမ်းတွေထဲမှာ မတွေ့ရတော့တဲ့ မင်းသမီး

တောင်ကိုရီးယားမင်းသမီး Shim Eun-kyung ဟာဆိုရင် ၂၀၀၃ ခုနှစ်က Dae Jang Geum ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Dae Jang Geum ဟာ ပွဲဦးထွက်မှာကတည်းက နာမည်ကြီးပြီးအောင်မြင်ခဲ့တဲ့သူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချီးမြှင့်မှုကိုလည်း တခဲနက် ရရှိထားတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=630,h=1200,q=100/9f/9fdd16d21047717d936065aee8abf61304eddc3f.jpg

Dae Jang Geum က Sunny နဲ့ Masquerade ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့သူဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။Shim Eun-kyung က အသက် ၂၀ အရွယ်တုန်းက ပြိုင်စံရှားမင်းသမီး တစ်ယောက်ဖြစ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ သူမရဲ့ နောက်ပိုင်းဇာတ်လမ်းတွဲတွေက ထင်ထားသလောက် အောင်မြင်မှု မရရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=909,q=100/6f/6f4fb5314cf5d34214c8630b17b30509089c17b3.jpg

Shim Eun-kyung က နာမည်ကြီးပြီး အောင်မြင်တဲ့သူတစ်ယောက်ဆိုပေမယ့် ကိုရီးယားမှာ ထင်ထားသလောက် နာမည် မကြီးတဲ့ နောက်တစ်ချက်လည်း ရှိနေပါတယ်။ အဲဒါကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Princess and the Matchmaker ဇာတ်လမ်းတွဲနဲ့ ဂျပန်နိုင်ငံမှာ စတင်ပြီးအောင်မြင်မှု ရရှိလာတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=750,q=100/c4/c405706d254a66cfb285cd8a7c397007eed24b54.jpg

၂၀၁၉ ခုနှစ်မှာလည်း The Journalist ဇာတ်လမ်းတွဲနဲ့ ဂျပန်နိုင်ငံမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ကောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ Shim Eun-kyung က ဂျပန်နိုင်ငံမှာ ပညာသင်ခဲ့တဲ့ သူ မဟုတ်ပေမယ့် သူမရဲ့ အောင်မြင်မှုတွေက တောင်ကိုရီးယားမှာထက် ဂျပန်နိုင်ငံမှာ ပိုပြီးမြင့်ပါတယ်။

https://s9.kh1.co/__image/w=433,h=557,q=100/db/dbc5342113a5bea16355e55c7dec5b7304b737bd.jpg

ဂျပန်နိုင်ငံမှာ အောင်မြင်မှုတွေ ပိုပြီးရရှိလာခဲ့တဲ့ Shim Eun-kyung ဟာ ဂျပန်ဇာတ်လမ်းတွေကို ပိုအားထည့်ပြီး ရိုက်ကူးလာတာကြောင့် တောင်ကိုရီးယားမှာ သူမရဲ့ နာမည်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ပိုင်း အနုပညာ လှုပ်ရှားမှုတွေထဲမှာ Shim Eun-kyung ကို ထပ်ပြီး မတွေ့ရတော့ပါဘူး။Shim Eun-kyung က လက်ရှိမှာ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး တွဲနေတဲ့သူမရှိသေးသလို လက်ထပ်ထားခြင်းလည်း မရှိသေးပါဘူး။ ကလေးဘဝကတည်းက တဟုန်ထိုးအောင်မြင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး Shim Eun-kyung တစ်ယောက် အောင်မြင်မှု ကျဆင်းသွားတဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T