လူ ၁၀၀ မှာ အယောက် ၉၀ တောင် မသိတဲ့ ဝက်တွေရဲ့ အကြောင်း

//s9.kh1.co/77/77d1d8ef82dfb535b5700a26238214ae3c65048e.jpg
MPT

 ၀၆-အောက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

လူ ၁၀၀ မှာ အယောက် ၉၀ တောင် မသိတဲ့ ဝက်တွေရဲ့ အကြောင်း

ကျွန်တော်တို့ အိမ်မွေး တိရစ္ဆာန်တွေထဲမှာ ဝက်တွေကလည်း ချစ်စရာကောင်းတဲ့အထဲမှာပါကြပါတယ်။ ဝက်တွေကို အချို့က စီးပွားဖြစ်မွေးမြူကြပေမယ့် အချို့က သားသမီးအရင်းလို ချစ်ကြလို့ ကောင်းကောင်းမွန်မွန် မွေးကြတာတွေလည်း တွေ့ဖူးပါတယ်။ဟုတ်ပါပြီ... ကျွန်တော်အခုဖော်ပြပေးမှာကလည်း ဒီဝက်တွေနဲ့ ပတ်သက်ပြီး လူအများမသိသေးတဲ့ စိတ်ဝင်စားစရာလေးတွေကို စုစည်းဖော်ပြပေးသွားမှာပါ။

https://s9.kh1.co/__image/w=650,h=433,q=100/58/581ba29df9a9ac42f38c042d651b9e0d7b774ca2.jpg

(၁) ဝက်တွေက ညစ်ပတ်လား...?

လူတွေက ဝက်တွေကို ဘာကြောင့် သိပ်ချစ်ကြတာလဲဆိုတာ  သိချင်ဖူးလား...?။ ဝက်တွေက ကျွန်တော်တို့ သိထားသလို ညစ်ပတ်တဲ့ တိရစ္ဆာန်တော့ မဟုတ်ပါဘူး.. တကယ်တော့ သူတို့က အလွန်အသန့်ကြိုက်တဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ ဝက်မွေးကင်းစကအစ သူတို့ အမြဲနေထိုင်တဲ့နေရာ ဒါမှမဟုတ်  အိပ်တဲ့ နေရာတွေမှာ ဘယ်တော့မှာ မစင်မစွန့်ကြပါဘူး။ တကယ်လို့ မစင်စွန့်တတ်တဲ့ ဝက်တွေတွေ့ရင်တော့ သူတို့နေထိုင်တဲ့နေရာက အရမ်းကျဉ်းနေတာကြောင့်လို့ ထင်ပါတယ်။ ဒါဟာ ဝက်မွေးမြူတဲ့ သူတိုင်း သိကြမှာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/62/623e81253c80e693d5ae688d6b08e27a871bb44c.jpg

(၂) ဝက်တွေက ချွေးထွက်လား...?

တကယ်တော့ ဝက်တွေက ကျွန်တော်တို့ လူသားတွေလို ချွေးမထွက်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ချွေးဂလင်းများစွာမရှိလို့ပါပဲ။ ဒါကြောင့်လည်း ဝက်တွေဟာ အေးမြတဲ့ ရွှံထဲကို ဆင်းပြီး လူးကြတာ ဖြစ်ပါတယ်။ ဒီလိုရွှံလူးတာကလည်း ဝက်ရဲ့ အရေပြားကို နေလောင်မခံရအောင် ကူညီပေးမှာတော့ သေချာပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/4f/4fdad26110d43ddc98f05512824ace21f55e0806.webp

(၃) ဝက်တွေက ခွေးတွေထက် ဉာဏ်ကောင်းကြတယ်...

ဝက်တွေက ကျွန်တော်တို့ အိမ်မွေးခွေးတွေထက် ဉာဏ်ရည်ထက်မြတ်ကြတယ်ဆိုတာ ယုံလား..? ။ ဟုတ်ပါတယ်.. ဝက်တွေမှာ လူသားကလေးငယ်များရဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိပြီး ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အသိဉာဏ်အရှိဆုံးတိရစ္ဆာန်လည်း ဖြစ်ပါတယ်။ သူတို့ကို နှစ်ပတ်လောက် နာမည်တွေခေါ်ရင် မှတ်မိပြီး ရောက်လာကြပါတယ်။ ပြီးတော့ ဝက်တွေက အချို့မျောက်ဝံတွေထက်  ဗီဒီယိုဂိမ်းတွေကို ကစားနိုင်စွမ်းရှိကြပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T