လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ဖူးတဲ့ ကမ္ဘာ့အကြီးဆုံး ရေပူစမ်း

//s9.kh1.co/1a/1a59a1a1143844428865993a80bcf55cf4126e6a.jpg
MPT

 ၂၆-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၀ ရက် က

လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ဖူးတဲ့ ကမ္ဘာ့အကြီးဆုံး ရေပူစမ်း

Frying Pan Lake ကတော့ နယူးဇီလန်နိုင်ငံ ၊ waimangu မီးတောင်ကြားရှိ Echo Crater မှာ တည်ရှိတဲ့ ကမ္ဘာပေါ်က အကြီးဆုံး ရေပူစမ်းကြီးပဲ ဖြစ်ပါတယ်။ ၁၈၈၆ ခုနှစ်မှာ Tarawera မီးတောင်ပေါက်ကွဲမှုဖြစ်ပြီး အကျိုးဆက်အနေနဲ့ မီးတောင်ပေါက်များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ မီးတောင်သေများ ၊ ရွံ့‌မီးတောင်ပေါက်များစွာထဲမှ မီးတောင်ပေါက်တစ်ခုဟာ နောက်ပိုင်းမှာတော့ မိုးရေ ၊ မြေအောက်ရေတွေ ပြည့်နှက်လာခဲ့ပြီး တဖြည်းဖြည်းပြန့်ကားလာကာ ရေတွင်းပူ မှ ၁၉၁၈ ခုနှစ်အလယ်ပိုင်းတွင် ထိပ်ဝ ၃၈၀၀၀ စတုရန်းမီတာ ( ၉.၄ ဧက ) ကျယ်ဝန်းတဲ့ ကမ္ဘာ့အကြီးဆုံး ရေပူစမ်းဖြစ်လာပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/00/00ba336d2688b2a2ea76cc98c5e9c7cb6e5a709a.jpg

Frying Pan Lake ရဲ့ ‌ရေတိမ်ပိုင်းဟာ ၅.၅ မီတာ ( ၁၈ ပေ ) သာနက်ပေမယ့် အလယ်မူလအပေါက်ကတော့ ၁၈.၃ မီတာ ( ၆၀ ပေ ) အထိ နက်ရှိုင်းပါတယ်။ Pan Lake ရဲ့ ရေအပူချိန်မှာ ၅၀ မှ ၆၀ ‌ဒီဂရီစင်တီဂရိတ် ရှိပြီး ရေမျက်နှာပြင်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် နဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓာတ်ငွေများ အမြဲတစေ ပွက်ပွက်ဆူနေပါတယ်။ ကန်ရဲ့ ပတ်ပတ်လည်ရှိကျောက်ဆောင်များမှာ နှစ်ပေါင်း ၆၀၀၀၀ သက်တမ်းရှိ ကျောက်တုံးများနဲ့ ဖွဲ့စည်းထားတာကြောင့် ခိုင်ခံ့တဲ့ ရေပူစမ်းတစ်ခု အဖြစ် ရှိနေပါတယ်။ အက်စစ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး အမြဲဆူပွတ်နေတဲ့ ဒယ်အိုးကန်ဟာ စက္ကန့်တိုင်းမှာ ရေငွေ့ဂါလံပေါင်း‌များစွာ အငွေ့ပျံစေတဲ့အထိ အတော်ကို ပူပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/7f/7f945fabb48dcbba571fd9fea8a4a795764c6b2e.jpg

ကြည်လင်တဲ့ရေ နဲ့ အငွေ့တထောင်းထောင်းထွက်နေတဲ့ Pan Lake ကို အဝေးကကြည့်မယ်ဆိုရင်တော့ ရင်သပ်ရှုမောဖွယ် တောတောင်ရှုခင်း ရယ် တိတ်ဆိတ်သာယာတဲ့ အလှကို အပြည့်အဝ ခံစားနိုင်ပြီး ပူပြင်းတဲ့ ဆူပွတ်မှုကြောင့် ကန်မှ အနည်းဆုံး ၆ ပေ အကွာမှာ နေဖို့ ကန့်သတ်ထားကြပါတယ်။ အချိန်မရွေး ပေါက်ကွဲမှုဖြစ်နိုင်တဲ့ ‌Frying Pan Lake ဟာ ကမ္ဘာပေါ်က လူအသေအပျောက်အများဆုံး ကန်ထဲက တစ်ခုဆိုလည်း မမှားပါဘူး။ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ဖူးတဲ့ ဒယ်အိုးအိုင်ဟာ အမြင်လှပေမယ့် အန္တာရာယ်များတာကြောင့် မသွားသင့်တဲ့ နေရာလေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေပူစမ်းသွားမယ်ဆိုရင် ကမ္ဘာပေါ်က အကြီးဆုံး နဲ့ လူအသေအပျောက်အများဆုံး နာမည်နဲ့လိုက်တဲ့ ဒယ်အိုးအိုင်ကို မသွားဖို့ အကြံပေးချင်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c6/c6c8c7aa0ae87660924e44e0aca7bf692985c094.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T