အရွယ်အစား ၆ စင်တီမီတာသာရှိတဲ့ ကမ္ဘာ့အသေးဆုံးလိပ်မျိုးစိတ်

//s9.kh1.co/ec/ec1e4a1117de2ab0b03f929525b626b8db122893.jpg
MPT

 ၂၆-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၀ ရက် က

အရွယ်အစား ၆ စင်တီမီတာသာရှိတဲ့ ကမ္ဘာ့အသေးဆုံးလိပ်မျိုးစိတ်

Chersobius signatus လိပ်ကတော့ ကမ္ဘာပေါ်က အသေးဆုံး လိပ်မျိုးစိတ်ဖြစ်ပြိး Chersobius လိပ်သေးမျိုးစိတ်ရဲ့ အဖွဲ့ဝင်မျိုးစိတ်တစ်ခုလည်း ဖြစ်ပါတယ်။ တောင်အာဖရိမှာ အစုလိုက်တွေ့ရလေ့ ရှိပြီး တောင်အာဖရိက အနောက်ဘက်ရှိ မိုးနည်းဒေသ သစ်တောတွေမှာ အများဆုံး တွေ့ရပါတယ်။ အမှုန်အမွှားလိပ်လို့လည်း‌ ခေါ်ကြပြီး လိပ်အမတွေဟာ အထီးတွေထက် ပိုကြီးကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ Chersobius signatus လိပ်ထီးတစ်ကောင်ဟာ ပျမ်းမျှ ၆ မှ ၈ စင်တီမီတာ ( ၂.၄ လက်မ မှ ၃ လက်မ ) ကြားရှိပြီး အမတွေကတော့ ၁၀ စင်တီမီတာ ( ၄ လက်မ ) ဝန်းကျင် ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c5/c541f25aec847507888da05e332f18da6dc382d2.jpg

ပုံမှန်အားဖြင့် ကျောက်ဆောင်များပေါ်မှာ နေထိုင်လေ့ရှိပြီး အရည်ရွှမ်းတဲ့ အသီးအရွက်များ နဲ့ ရေညှိများကို စားသုံးကြပါတယ်။ ကြောက်တတ်ပြီး ကျောက်ဆောင်များကြားမှာ ပုန်းကွယ်နေတတ်တဲ့ Chersobius signatus လိပ်လေးတွေဟာ အလေးချိန်အားဖြင့် ၉၅ မှ ၁၆၅ ဂရမ် ( ၃.၄ မှ ၅.၈ အောင်စ ) သာ ရှိကြပါတယ်။ ဒီလိပ်တွေရဲ့ အပေါ်ယံ အခွံမှာ အခြားလိပ်တွေနဲ့ မတူဘဲ ထူးထူးခြားခြား လေးထောင့်ကွက်လေးတွေနဲ့ အညိုရောင် နဲ့ အနက်ရောင် အချိုးကျကျ ဆက်ထားတဲ့ အစင်းကွက် ပါရှိပါတယ်။ ဒါအပြင် Chersobius signatus လိပ်တို့ရဲ့ ခြေတံ လက်တံဟာ အကြေးခွံနုတွေ ပါရှိပြီး အခွံဟာ အကောင်နဲ့ မလိုက်အောင် မာကျောကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d1/d19ecdf23cf3f899d3f845652d00be92450406b0.jpg

မိတ်လိုက်ရာသီမှာ လိပ် အထီးနဲ့အမ တို့ဟာ အချင်းချင်း ခေါင်းညိတ်အချက်ပြမှု ရယူပြီး နှစ်ကောင်ပေါင်းစပ်မှုကို စတင်တတ်ကြပါတယ်။ မျိုးပွားရာသီမှာတော့ Chersobius signatus လိပ်အမတွေဟာ ကျောက်ဆောင်တွေကြားက စိုစွတ်တဲ့ မြေ‌မှာ အသိုက်လုပ် ဥဥ လေ့ရှိပါတယ်။ မျိုးပွားနှုန်းနည်းတဲ့ လိပ်မျိုးစိတ် ဖြစ်တဲ့အပြင် လူတွေရဲ့ ဖမ်းဆီးမွေးမြူမှု ၊ သားရဲတိရစ္ဆာန်တွေရဲ့ အန္တာရာယ် နဲ့ ‌ကျက်စားရာ နေရာဒေသ ဆုံးရှုံးမှုတို့ကြောင့် Chersobius signatus လိပ်များစွာ ‌သေဆုံးခဲ့ရပါတယ်။ လက်ရှိမှာတော့ စီးပွားဖြစ် ရောင်းချခြင်အား အပြင်းအထန် တားမြစ်ထားပြီး မျိုးတုန်းပျောက်ကွယ်တော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကာကွယ်စောင့်ရှောက်ရမဲ့ ချစ်စရာ လိပ်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/0e/0e4db14769c85c74ac2b499b93e81f450b62f779.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T