ဘို့နှစ်ဘို့ပါတဲ့ မွန်ဂိုးလီးယားက Bacterian သစ်ကုလားအုတ်

//s9.kh1.co/25/256b2539f50639ab82cd35c0e9b5db193b179ea0.jpg
MPT

 ၂၆-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၁ ရက် က

ဘို့နှစ်ဘို့ပါတဲ့ မွန်ဂိုးလီးယားက Bacterian သစ်ကုလားအုတ်

Bactrian ကုလားအုတ်ကတော့ အာရှတိုက်အလယ်ပိုင်း သဲတောင်တန်းတွေမှာ တွေ့ရတဲ့ ကုလားအုတ်မျိုးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ မွန်ဂိုးလီးယားကုလားအုတ် သို့မဟုတ် ဘို့နှစ်ဘို့ကုလားအုတ်လို့လည်း ခေါ်ပြီး သိပ္ပံနာမည်ကတော့ Camelus bactrianus လို့ ခေါ်ပါတယ်။ အခြားကုလားအုတ်တွေနဲ့ မတူဘဲ နောက်ကျောမှာ ထူးခြားတဲ့ အဖု နှစ်ခုကြောင့် လူသိများပါတယ်။ ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်တဲ့ Bactria ဒေသမှ ဇာတိဖြစ်တာကြောင့် Bacterian ကုလားအုတ်လို့ ခေါ်တာပဲ ဖြစ်ပါတယ်။ ဘို့နှစ်ဘို့ကုလားအုတ်တွေဟာ အအေးဒဏ် ၊ မိုးဒဏ် ၊ လေဒဏ် ၊ အပူဒဏ်ကို ခံနိုင်ရှိပြီး သန်မာတာကြောင့် ကုန်ကြမ်းသယ်ယာဉ်များ ၊ လူတင်ယာဥ်များအဖြစ် အသုံးပြုကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/7f/7f4c01a42b7909ccc4a8f86203dfd7cfab59bb36.jpg

တောရိုင်း Bacterian ကုလားအုတ်မျိုးစိတ်မှ ဆင်းသက်လာပေမယ့် ဘို့နှစ်ဘို့ ကုလားအုတ်တွေကတော့ ရှည်လျားတဲ့ အမွေးရှည်တို့ ပါရှိပြီး လူတွေနဲ့ လိုက်လျောညီထွေ နေတတ်ကြပါတယ်။ Bacterian ကုလားအုတ်ဟာ အကြီးဆုံးသော သက်ရှိကုလားအုတ်မျိုးစိတ်ဖြစ်ပြီး ရေချိုကိုသာ သောက်သုံးနိုင်တဲ့ ကုန်းနေနို့တိုက်သတ္တဝါပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ ဘို့နှစ်ဘို့ ကုလားအုတ်ရဲ့ ပျမ်းမျှ ပုခုံးထိအမြင့်မှာ ၅ ပေ မှ ၆ ပေ အထိ ရှိပြီး စုစုပေါင်း ဘို့အထိ အမြင့် ၇ ပေဝန်းကျင် မြင့်ပါတယ်။ ကိုယ်အလေးချိန် ၆၀၀ ကီလိုဂရမ် ( ၁၃၀၀ ပေါင် ) ရှိပြီး အရွယ်ရောက်ပြီးတဲ့ Bacterian ကုလားအုတ်အမတွေကတော့ ၄၈၀ ကီလိုဂရမ် ( ၁၀၆၀ ပေါင် ) ဝန်းကျင် အလေးချိန် ရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/45/45dfeeaac0294554a5eb3ead18e1995b043b545d.jpg

နဖူးအရှေ့ပိုင်း နဲ့ ခြေထောက်အောက်ပိုင်းမှလွဲ ခန္ဓာကိုယ်တစ်ခုလုံးကို အညိုရောင် သို့မဟုတ် သဲဝါရောင် အမွေးရှည်တို့နဲ့ ဖုံးအုပ်ထားပြီး မျက်နှာ ရှည်မျောမျော တြိဂံပုံ ဖြစ်ပါတယ်။ ရေကို တစ်ကြိမ်လျှင် ၅၇ လီတာအထိ သောက်နိုင်ကြပြီး လပေါင်းများစွာ ရေမသောက်ဘဲ သွားလာနိုင်ကြတဲ့ ကန္တာရရဲ့ အရေးအပါဆုံး တိရစ္ဆာန်လေးပဲ ဖြစ်ပါတယ်။ ဒါအပြင် တစ်နာရီကို မိုင် ၄၀ နှုန်းအထိ ရွေ့လျားနိုင်ပြီး အမြင်အာရုံ နဲ့ အနံ့ခံအာရုံမှာ အတော်ကောင်းကြပါတယ်။ အများဆုံး နှစ် ၅၀ အထိ ရှင်သန်နေထိုင်နိုင်တဲ့ Bacterian သစ်ကုလားအုတ်တွေဟာ ယနေ့ခေတ်မှာတော့ အကောင်အရေအတွက် ‌သိသိသာသာ လျော့နည်းလာပြီပဲ ဖြစ်ပါတယ်။ အသီးအရွက်များကို အဓိကစားတဲ့ ချစ်စရာ Bacterian သစ်ကားအုတ်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လျက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/fa/fa11ae788c57c686530b776f17283a3564f9f049.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T