အာရှခုန်တီကောင်တွေဟာ ဂေဟစနစ်အတွက် ကောင်းကျိုးရှိရဲ့လား

//s9.kh1.co/77/7708f02f1a4735c317bb3d6e189a827c46fc8f7a.jpg
MPT

 ၂၆-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၀ ရက် က

အာရှခုန်တီကောင်တွေဟာ ဂေဟစနစ်အတွက် ကောင်းကျိုးရှိရဲ့လား

အာရှခုန်တီကောင်ကတော့ Megascolecidae မျိုးရင်းက လာတဲ့ တီကောင်မျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။ ချောမွတ်ပြီး တောက်ပြောင်တဲ့ မီးခိုးရောင် သို့မဟုတ် အညိုရောင် ကိုယ်ထည်ရှိပြီး ဥကို သိုလှောင်ထားတဲ့ နို့နှစ်ရောင် clitellum ပါရှိကြပါတယ်။ ဆာလင်ဒါပုံ ရှည်ရှည် ခန္ဓာကိုယ်ပုံစံရှိပြီး ဥရောပ မြေတီကောင် နဲ့ ‌မှားတတ်တဲ့ အာရှခုန်တီကောင်တွေဟာ ၁၉ ရာစုမှာ ဥရောပသစ်တောတွေကို စတင်ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ ပျမ်းမျှ ခန္ဓာကိုယ်အရှည် ၁.၅ လက်မ မှ ၈ လက်မ ( ၃.၈ စင်တီမီတာ မှ ၂၀.၃ စင်တီမီတာ ) ကြားရှိပြီး ဂျပန် နဲ့ ကိုရီးယားကျွန်းဆွယ်တို့မှာ Asian jumping worm တို့ရဲ့ ဇာတိ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/3c/3c7532e314b5005c0b6385ffb09fc16e88d7d11d.jpg

သစ်ရွက်ခြောက် နဲ့ မြေကြီးအတွင်းက အာဟာရဓာတ်တွေကို စုပ်ယူစားသုံးကြပြီး အာရှခုန်တီကောင်တို့ စားသုံးပြီးတဲ့ မြေဆီလွှာဟာ အာဟာရဓာတ်များ ကုန်ဆုံးသွားကာ ခြောက်သွေ့သွားတတ်ပါတယ်။ အာဟာရစုပ်ယူသွားပြီးနောက် ကျန်ခဲ့တဲ့ မြေဆီလွှာဟာ ကော်ဖီစေ့လို ခြောက်သွေ့သွားပြီး သစ်ပင်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးကာ အပင်အမြစ်တွေကို ပျက်စီးစေတဲ့အပြင် မြေဆီလွှာရဲ့ ရေထိန်းနိုင်စွမ်းကို လျော့ကျသွားစေပါတယ်။ ဒါကြောင့် စိုစွတ်တဲ့ မြေကြီးအတွင်းတိုင်းမှာ ရှင်သန်ပေါက်ဖွားနိုင်တဲ့ Asian jumping worm တွေဟာ အပင်ရဲ့ ဂေဟစနစ်အတွက် များစွာ အဟန့်အတား အနှောင့်အယှက် ဖြစ်စေတာကြောင့် ဖျက်စီးရမယ့် အပင်ဖျက်ပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/57/575ecf3ed187afca3c1ccf66e95312ce241e67f5.jpg

ပင်လယ်ရေအောက်မှာ မိနစ် ၂၀ အထိ ရှင်သန်နိုင်ကြပြီး တစ်ခါတစ်ရံ အာရှခုန်တီကောင်တွေကို ငါးစာ အဖြစ် အသုံးပြုလေ့ရှိပါတယ်။ စိုစွတ်တဲ့ မြေဆီလွှာရှိတဲ့ နေရာတိုင်းမှာ အလွယ်တကူ ပေါက်ဖွားနိုင်တဲ့ အာရှခုန်တီကောင်တွေကို တွေ့တဲ့အခါ ဖျက်စီးပစ်လို့ လိုအပ်ပါတယ်။ အာရှခုန်သန်ကောင်တွေကို လက်နဲ့ တစ်ခါတည်း ဖျက်စီးခြင်း ၊ ပလပ်စတစ်အိတ်နဲ့ထုပ်ကာ နေပူပူမှာ ၁၀ မိနစ်ထားပြီး လွှင့်ပစ်လိုက်ခြင်း စတာနဲ့ ဖယ်ရှားနိုင်ပါတယ်။ အပင် နဲ့ ဂေဟစနစ်အတွက် အကျိုးမရှိတဲ့ ဒီတီကောင်တွေကို မျိုးသုန်းအောင် မလုပ်နိုင်သေးပေမဲ့ ကိုယ့်စိုက်ပျိုးတဲ့ စိုက်ခင်းဝန်းကျင်မှာ တွေ့တဲ့အခါ ကောင်းကျိုးမရှိတာကြောင့် ဖျက်စီးပစ်ဖို့ အထူးလိုအပ်တဲ့ တီကောင်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/c7/c73c219d9ca550e95b95019f52803cb1e9984f1a.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T