ဒဏ္ဍာရီတွေအရ နတ်ဘုရားတစ်ပါးကနေ ဆင်းသက်လာတယ်ဆိုတဲ့ ရေနေသတ္တဝါ

//s9.kh1.co/58/5877c96cb45a674240d38c1c947f57877c3ad66c.jpg
MPT

 ၀၆-အောက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

ဒဏ္ဍာရီတွေအရ နတ်ဘုရားတစ်ပါးကနေ ဆင်းသက်လာတယ်ဆိုတဲ့ ရေနေသတ္တဝါ

ဒီဇာတ်လမ်းဟာ Aztec တွေရဲ့ God of death and lightning, the Xolotl နဲ့ စတာပါ။ ဒဏ္ဍာရီတွေအရတော့ သူဟာ နေနတ်ဘုရားကို စောင့်ကြပ်ပြီး ညတိုင်း ဝိညာဉ်တွေကို မရဏကမ္ဘာဆီ ပို့ဆောင်ပေးခဲ့တဲ့ ခွေးတစ်ကောင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=636,h=631,q=100/30/30ccab55f184aebd151de6b90f6831fe81417b6b.webp

တစ်နေ့မှာ God ဟာ အသစ်ဖန်တီးထားတဲ့ နေအတွက် တစ်ယောက်ပြီးတစ်ယောက် စတေးချိန်မှာ ပြောင်းလဲနိုင်စွမ်းရှိတဲ့ နတ်ဘုရား Xolotl ဟာ သူ့ကိုယ်သူ ပုတ်သင်တစ်ကောင်အဖြစ် ပြောင်းလဲခြင်းဖြင့် သေခြင်းမှလွတ်မြောက်နိုင်ခဲ့ပါတယ်တဲ့။

https://s9.kh1.co/__image/w=650,h=342,q=100/70/7066526ee7db046979d8d2eee26da614662056f5.jpg

ပြီးတော့ အဲဒီသတ္တဝါကို ယနေ့ချိန်မှာ axolotl (ရေပုတ်သင်) လို့ ခေါ်ပါတယ်။ရှေးခေတ် Aztec ဘာသာစကားအရ 'Axolotl' ဟာ "ရေသတ္တဝါ" လို့ ဘာသာပြန်ဆိုထားပြီး ဒီသတ္တဝါများဟာ အသက်ရှုဖို့ ချစ်စရာကောင်းတဲ့ အမွေးပါးဟက်များကို အသုံးပြုကာ ရေအောက်မှာ နေထိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/f8/f878fbf128e84608d3f52eef04225aea024af85a.jpg

မက္ကဆီကိုအလယ်ပိုင်းရှိ သူတို့ရဲ့ တစ်ခုတည်းသော သဘာဝနေရပ်များမှ မျိုးသုဉ်းလုနီးဖြစ်‌နေပြီး ဒီသတ္တဝါများကို ယခုအခါမှာတော့ အခြားနေရာများထက် ဓာတ်ခွဲခန်းများမှာ ပိုမိုတွေ့ရှိလာရပါတယ်။ ဘာကြောင့်လဲဆိုတော့ axolotl ဟာ သိပ္ပံပညာအသိုင်းအဝိုင်းကို ဆယ်စုနှစ်များစွာ တုန်လှုပ်ချောက်ချားစေတဲ့ ထူးခြားတဲ့ စွမ်းရှည်ရှိ‌နေလို့ပါပဲ။

https://s9.kh1.co/__image/w=650,h=434,q=100/3a/3a9048a607821081907101e58a3eea659c91b337.jpg

ဒီစွမ်းရည်ဟာ သဘာဝရဲ့ အမိုက်ဆုံးသတ္တဝါများထဲက စွမ်းရည် တစ်ခုလည်းဖြစ်ပါတယ်။သူတို့တွေက ချစ်ဖို့ကောင်းတာတစ်ခုတည်း မဟုတ်ပါဘူး။ Axolotl ဟာ ဆုံးရှုံးသွားတဲ့ ခြေလက်အင်္ဂါများနဲ့ ခန္ဓာကိုယ်အင်္ဂါများကို ပြန်လည် ထုတ်ပေးနိုင်စွမ်းရှိပါတယ်။သူတို့ရဲ့ အင်္ဂါအစိတ်အပိုင်းအကုန်လုံးနီးပါးကို ပြန်လည်အသစ် ထုတ်ပေးနိုင်တာပါ။ ဒီမက္ကဆီကို လမ်းလျှောက်ငါးများဟာ တူညီတဲ့ ကိုယ်လက်အင်္ဂါကို ၅ ဆအထိ ပြန်လည်ရှင်သန်နိုင်ပြီး သူ့ရဲ့ ဦးနှောက်အစိတ်အပိုင်းများကိုပင် ပြန်လည်ထုတ်လုပ်နိုင်ပါတယ်တဲ့။ ဒီဟာကြောင့်ပဲ သူတို့တွေဟာ ဓာတ်ခွဲခန်းထဲ ရောက်နေကြတာပါ။ ဒဏ္ဍာရီထဲကလို နတ်ဘုရားတစ်ယောက်ကနေ ဆင်းသက်လာသလားပါပဲ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T