မကြာခင်မွေးဖွားတော့မယ့် သားလေးအတွက် အခန်းပြင်ဆင်နေကြတဲ့ P Push တို့ ဇနီးမောင်နှံ

//s9.kh1.co/dd/dd302704a2077aef91cd4ea71ac376a235c861f2.jpg
အနုပညာရှင်များ

 ၀၆-အောက်-၂၀၂၂ ၁pm · လွန်ခဲ့သော တစ်နှစ် က

အသက်ကြီးမှ ရလာတဲ့ သားလေးမို့ ချစ်လိုက်ကြတာများ အခန်းကို ရှယ်တွေ ပြင်ဆင်နေကြတာ

ထိုင်းမင်းသားချော P Push နဲ့ မင်းသမီး Jooy Warattaya တို့က ၂၀၁၈ တုန်းက လက်ထပ်ခဲ့ကြတာဖြစ်ပြီး သုံးနှစ်ကျော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ချိန်မှာတော့ သူတို့ရဲ့ သားဦးလေးကို ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်က ရှစ်လကျော် ရှိပြီဖြစ်ပြီး မကြာခင်မှာ လူလောကထဲကို ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : push_dj's IG Acc
Photo Credit : push_dj's IG Acc
Photo Credit : push_dj's IG Acc
Photo Credit : push_dj's IG Acc

မနဲ့မောင်အတွဲလေးလို့ နာမည်ကြီးတဲ့သူတို့အတွဲလေးက အသက် ၃၇ နှစ်မှ ကလေးရတာမို့ အစစအရာရာ အမှားအယွင်းမရှိအောင် ဆင်ခြင်နေထိုင်နေရတာပါ။ ခင်ပွန်းသည် Push ကလည်း ချစ်ဇနီးလေးကို သည်းသည်းလှုပ်ပြီး အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတာလည်းဖြစ်ပါတယ်။ Jooy ကလည်း ကိုယ်ဝန်ရင့်နေပြီမို့ Push လည်း သားလေးနဲ့ တွေ့ရဖို့ကို ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေတာပါ။

Photo Credit : push_dj's IG Acc
Photo Credit : push_dj's IG Acc
Photo Credit : push_dj's IG Acc
Photo Credit : push_dj's IG Acc

သားလေးနေဖို့အခန်းလေးကို ပြင်ဆင်နေပြီး အဆင့်သင့်ဖြစ်နေကြောင်းကို Instagram မှာ Video လေး တင်ထားခဲ့တာပါ။ လင်မယားနှစ်ယောက်လုံးက ပျော်ရွှင်စွာနဲ့ ပြင်ဆင်နေတဲ့အကြောင်းကို " PJ လေးရဲ့ အခန်းလေးကို ပြဖို့ သူ့အမေကို ခေါ်သွားတဲ့ Video Trailer လေးပါ။ Video အပြည့်အစုံကို You Tube နဲ့ Facebook မှာ ကြည့်လို့ရပါတယ်နော်" ဆိုတဲ့ Caption လေးနဲ့ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit : push_dj's IG Acc

သတင်း အရင်းအမြစ်push_dj's IG Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T