တူညီတဲ့ pose တစ်ခုထဲကိုပဲ ၂ နှစ်လောက်ကြာအောင် Selfie ဆွဲခဲ့တဲ့ မင်းသား Ji Jin Hee

//s9.kh1.co/b5/b571f5ab4dd2dabf8f7a59ea8bceab7044493224.jpg
အနုပညာရှင်များ

 ၀၆-အောက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

တူညီတဲ့ pose တစ်ခုထဲကိုပဲ ၂ နှစ်လောက်ကြာအောင် Selfie ဆွဲခဲ့တဲ့ မင်းသား Ji Jin Hee

ကိုရီးယားအင်တာနက်အသုံးပြုသူတွေက လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ပြောင်းလဲသွားခြင်းမရှိတဲ့ မင်းသား Ji Jin Hee ရဲ့ Selfie ပုံတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ စက်တင်ဘာလ 14 ရက်နေ့က "Ji Jin Hee ရဲ့ Instagram ကိုကြည့်ရအောင်" လို့ အမည်ပေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို "theqoo" မှာ တင်ခဲ့ပြီး အချိန်တိုအဏအတွင်းမှာပဲ ပရိသတ်တွေရဲ့ အာရုံစိုက်ခံရမှုကို ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/68/680ded5911a9fb33a6879ca75d3485d20ae795d2.png

တူညီတဲ့ ကိုယ်နေဟန်ထားနဲ့ Pose တွေပေးထားခဲ့တဲ့ ဓာတ်ပုံတွေကို Ji Jin Hee က သူ့ရဲ့ Instagram feed မှာ တင်ထားတာပါ။ ပထမဆုံးပုံကို 2020 ခုနှစ် ဧပြီလမှာ တင်ခဲ့တာဖြစ်ပြီး အဲ့ပုံတင်ပြီးနောက်မှာ ရုပ်ရှင်ပရိုမိုးရှင်းတွေနဲ့ လတ်တလော Update တွေကလွဲပြီး သူ Personal တင်တဲ့ Selfie တွေက အဲ့ပုံတွေနဲ့ပဲ ပြည့်နေခဲ့တာပါ။

https://s9.kh1.co/__image/w=400,h=621,q=100/29/29248780cb8ef7c9704d731305b9709758d1fe02.jpg

ဒီလို ထူးဆန်းတဲ့ ဖြစ်စဉ်ကို မြင်လိုက်ရတော့ အင်တာနက်သုံးစွဲသူတွေက "ဒါက အကြောင်းပြချက်တစ်ခုရှိရမယ်..."၊ "ဒါက တကယ်ကို ရူးသွပ်တာပဲ"၊ "ရှေ့ကရိုက်ချက်နဲ့ ကြည့်ရတာ အရမ်းမလွယ်ပါဘူး၊ အများကြီးပဲ" အစရှိတဲ့ Comment တွေ ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/07/0734617f5a533d1087aa1b23c6fa6f45b1a0ee0e.png

ဒါပေမယ့်လည်း Ji Jin Hee ကတော့ tvN ဖျော်ဖြေရေးအစီအစဉ် “You Quiz on the Block” မှာ ပါဝင်ခဲ့ပြီး အဆိုပါ အလားတူ Pose တွေ တင်ရတဲ့ အကြောင်းတွေကို ရှင်းပြခဲ့ပါတယ်။ Ji Jin Hee က “ကျွန်တော်ဒီလို Selfie ဆွဲရတယ်ဆိုတာက ကျွန်တော်ရဲ့ မျက်နှာအမူအရာတွေက ကြည့်ရှုသူတွေရဲ့ ခံစားချက်ကို ပြောင်းလဲစေတာကြောင့်ပါ” ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=352,h=528,q=100/2b/2bdd813c69eff76669d5363254cee18d30826ae6.webp

Ji Jin Hee က Netflix ရဲ့ မူရင်းစီးရီး “D.P” season 2 မှာ ပါဝင်ဖို့ အတည်ပြုခဲ့ပြီး Jung Hae In၊ Goo Kwan Hwa၊ Kim Sung Kyun၊ Son Seok Gu တို့နဲ့ အတူ အခြားသရုပ်ဆောင်တွေနဲ့ ပူပေါင်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=566,h=1024,q=100/79/7918ed8d5c2a4f2178cbfac8c2cc9bfb26b413e9.png
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T