Marvel ရုပ်ရှင်ကုမ္ပဏီဘက်က အတွင်းလူတစ်ယောက်ရဲ့ပြောကြားချက်အရ Marvel ဘက်ကကေပေါ့အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပိုမိုကောင်းမွန်တဲ့ လက်ရာတွေ ဖန်တီးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ Marvel ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ ထည့်သွင်းစဉ်းစားဖို့အတွက် ဇာတ်ကောင်တွေရွေးချယ်တဲ့နေရာမှာ Blackpink အဖွဲ့ဝင်ထဲက Jennie ကို ထည့်သွင်းရိုက်ကူးချင်တယ်လို့ သိရပါတယ်။

Blackpink အဖွဲ့ဝင် Jennie ဟာဆိုရင် မကြာသေးမီအချိန်က HBO ရဲ့ The Idol ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တာဖြစ်တာကြောင့် Marvel အနေနဲ့ သူမကို မျက်စိကျတာလည်း သံသယဝင်စရာမရှိပါဘူးနော်။

ထွက်ရှိလာတဲ့ သတင်းတွေအရ Jennie ကို Marvel ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ရွေးတောင် ရွေးချယ်ခဲ့ကြပြီးပြီးလို့ သိရပါတယ်။ Jennie သာ Marvel ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်မယ်ဆိုရင် Blackpink ပရိသတ်တွေအတွက် တကယ်ကို ဝမ်းသာဖို့ကောင်းတဲ့ သတင်းကောင်းကြီးပါပဲနော်။

Blackpink အဖွဲ့ဝင် Jennie ဟာဆိုရင် အဆိုတော် ၊ ရက်ပါတစ်ယောက်ဖြစ်ပြီး နယူးဇီလန်နိုင်ငံမှာ ၅ နှစ်ကြာ ပညာတော်သင်ပြီးနောက် တောင်ကိုရီးယားကို ပြန်လည်ရောက်ရှိခဲ့တဲ့သူဖြစ်ပါတယ်။
Jennie လေးရဲ့ လက်ရှိအသက်ကတော့ ၂၆ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။
