သူမထက် ၄၃ နှစ်ကြီးတဲ့ လူကြီးရဲ့ နမ်းတာကိုခံလိုက်ရတာနဲ့ပတ်သက်ပြီး ပြောပြလာတဲ့ မလေးရှားမော်ဒယ်လ်

//s9.kh1.co/b3/b3ba64bb7559d44a2a074f6e2b2dbb1bfc114b34.jpg
အနုပညာရှင်များ

 ၀၅-အောက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

အဘိုး နဲ့ မြေး အရွယ်လောက်ကိုတောင် သွားနမ်းလိုက်သေးတယ် ... ကောင်မလေးကတော့ မွေးနေ့လေးမှာ မပျော်ရဘဲ ပြောဆိုမှုတွေ ...

ဟောင်ကောင် TVB ရဲ့ အထွေထွေမန်နေဂျာဖြစ်သူ မင်းသား Eric Tang က မလေးရှား မော်ဒယ်လ်တစ်ဦးကို ပွေ့ဖက်ပြီး နမ်းခဲ့တဲ့ Video က အင်တာနက် သုံးစွဲသူတွေ အကြားမှာ အပြောများနေပါတယ်။ မင်းသမီး ရဲ့ မွေးနေ့မှာ Eric Tang နမ်းလိုက်တာနဲ့ ပတ်သက်ပြီး သူမရဲ့ တုံ့ပြန်မှုဟာ အခုထွက်လာပါပြီ။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

Lebara လို့ လူသိများတဲ့ မော်ဒယ် Lebara က လွန်ခဲ့တဲ့ အပတ်က သူမရဲ့ မွေးနေ့ပွဲ ပါတီ Video ကို Instagram မှာ တင်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာ အသက် 69 နှစ်အရွယ် ဟောင်ကောင် သရုပ်ဆောင် TVB အထွေထွေမန်နေဂျာ Eric Tsang လည်း တက်ရောက်ခဲ့ပါတယ်။ Eric Tsang က ဖယောင်းတိုင်မီးကို မှုတ်ပြီး မော်ဒယ်လ်လေးရဲ့ ပါးပြင်ကို နမ်းလိုက်တဲ့ အခါမှာတော့ လူတွေက ဝေဖန်ခဲ့ကြပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

Social Media မှာ အဲ့ Video ပျံ့သွားပြီးတဲ့နောက်မှာတော့ Eric က " သူက Lebara နဲ့ အရင်ထဲကမသိကြောင်း၊ အခုမှ ပထမဆုံး စတွေ့ခဲ့ကြောင်း ဒီလိုနမ်းတယ်ဆိုတာလည်း ယဉ်ကျေးမှုအရ လုပ်တာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

ဒါပေမယ့်လည်း တချို့တွေကတော့ ချစ်သူတွေလို့ သံသယဖြစ်နေပြီး ကောင်မလေးဘက်ကနေ မကျေနပ်ဖြစ်နေကြတာပါ။ အဲရစ် က အသက် ၂၆ နှစ်အရွယ် မော်ဒယ်ကို အခွင့်ကောင်းယူနေတယ်ဟု တစ်ချို့ကလည်း Comment တွေ ပေးနေကြပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

Lebara က မကြာသေးမီက သူမရဲ့ Instagram မှာ Eric အနမ်းခံရတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ခဲ့ပါတယ်။ Eric က "မွေးနေ့လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီလို မွေးနေ့သေးသေးလေးကနေ အခုလို ကိစ္စအကြီးကြီး ဖြစ်သွားစေခဲ့ပါတယ်။ ​​တကယ်ကို စိတ်ပျက်စရာကောင်းတယ်။ ဒီနှစ် မွေးနေ့ဆုတောင်းကတော့ ကမ္ဘာကြီး ကို အေးအေးချမ်းချမ်း နဲ့ ငြိမ်းချမ်းစေချင်ပေမယ့် အခြေအနေကတော့ ဆန့်ကျင်ဘက်ဖြစ်ပုံရပါတယ်။ တခြားသူတွေ ဘာတွေပဲ ပြောပြော ကျွန်မကတော့ ဂရုစိုက်မှာ မဟုတ်ဘူးလို့" ရေးသားခဲ့ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

သတင်း အရင်းအမြစ်Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T