Weightlifting Fairy Kim Bok-Joo ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Lee Jae-yoon ဟာဆိုရင် ချစ်သူရှိတယ်ဆိုတဲ့သတင်း တစ်ခါမှ မထွက်ဖူးဘူးဘဲနဲ့ မင်္ဂလာဆောင်တော့မယ်လို့ရုတ်တရက်ကြေညာခဲ့ပါတယ်။ ဒီအကြောင်းအရာကို အောက်တိုဘာလ ၅ ရက်နေ့မှာ OSEN အေဂျင်စီဘက်ကနေ တရားဝင်ကြေညာပေးခဲ့တာဖြစ်ပါတယ်။


Lee Jae-yoon က နောက်တစ်လမှာ လှပတဲ့အနုပညာလောကထဲကမဟုတ်တဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်တော့မယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးက အခုမှ တရားဝင် သတင်းထွက်ကြတာဖြစ်ပေမယ့် တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုအပြည့်ရှိပြီး တွဲနေတာ ကြာပြီဖြစ်တဲ့ စုံတွဲလေးလို့ သိရပါတယ်။

တောင်ကိုရီးယားသရုပ်ဆောင် Lee Jae-yoon က ၂၀၀၈ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ‘Yawang’, ‘Innocent City’, ‘Golden Rainbow’, ‘Oh Hae-Young Again’, ‘Weightlifting Fairy Kim Bok-Joo’, ‘Heart to Heart’ နဲ့ ‘Alice’ စတဲ့ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။


Lee Jae-yoon က အားကစားသမားအဖြစ်လည်း နာမည်ကြီးတဲ့သူဖြစ်ပြီး ‘My Neighborhood Arts and Sports Education’ ပရိုဂရမ်မှာ ပါဝင်ထားပါသေးတယ်။

Lee Jae-yoon က လက်ရှိမှာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး မင်္ဂလာပွဲကို နိုဝင်ဘာလထဲမှာ ဆိုးလ်မြို့ ၊ ဂန်းနမ်းမှာပဲ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
