နာမည်မကြီးခင်ကတည်းက အခင်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ ဂျွန်ဆောမင်းသားနဲ့ ဘတ်ချောအွန်း

//s9.kh1.co/c6/c6e97c7d5b0fa87d0fc24af8e495c653aaf2249c.jpeg
အနုပညာရှင်များ

 ၀၅-အောက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

နာမည်မကြီးခင်ကတည်းက အခင်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ ဂျွန်ဆောမင်းသားနဲ့ ဘတ်ချောအွန်း

ဘတ်ချောအွန်းလို့လူသိများတဲ့ တောင်ကိုရီးယားမင်းသား So Ji-sub နဲ့ ဂျွန်ဆောလို့လူသိများတဲ့ မင်းသားကြီး Song Seung-heon တို့ဟာ နာမည်မကြီးခင် လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းသံယောဇဉ်က အခုအချိန်အထိ ပြောင်းလဲခြင်းမရှိသေးတဲ့အကြောင်း So Ji-sub က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးလာခဲ့ပါတယ်။ 

Google
Google
Google
Google

ဒီကနေ့က ဂျွန်ဆောလို့ လူသိများတဲ့တောင်ကိုရီးယားမင်းသား Song Seung-heon ရဲ့ မွေးနေ့ဖြစ်တာကြောင့် So Ji-sub က သူ့သူငယ်ချင်းနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို တင်ပေးခဲ့တာဖြစ်ပါတယ်။ဓာတ်ပုံထဲမှာ သူငယ်ချင်း သံယောဇဉ်ထက်ပိုတဲ့ နာမည်ကြီး မင်းသားကြီး နှစ်ယောက်ရဲ့ ခင်မင်မှုကို အထင်အရှားတွေ့ရပါတယ်။ နှစ်ဦးသားက တစ်ခေတ်တစ်ခါက ပုံစံတစ်မျိုးနဲ့ အောင်မြင်ခဲ့ကြသလို လက်ရှိမှာလည်း တစ်မူထူးခြားတဲ့ ပုံစံနဲ့ ချောမောခန့်ညားနေကြတုန်းပဲ ဖြစ်ပါတယ်။ 

Google
Google
Google
Google
Google
Google

တောင်ကိုရီးယားမင်းသား So Ji-sub က လက်ရှိမှာ Confession ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကားက အောက်တိုဘာလ ၂၆ ရက်နေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။

Google
Google
Google
Google

Song Seung-heon ရဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Black Knight စီးရီးကလည်း နောက်နှစ်မှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။

Google
Google
Google
Google

အောင်မြင်မှုတွေ မရရှိခင်ကတည်းက အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ တောင်ကိုရီးယား မင်းသားကြီး နှစ်ယောက်ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T