မြန်မာနိုင်ငံရဲ့ နာမည်ကြီး မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ လင်းလင်းကိုတော့ ပရိသတ်တွေအားလုံးသိကြမယ်လို့ထင်ပါတယ်။ လင်းလင်းဟာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားထားတဲ့ သူတစ်ဦးဖြစ်ပါတယ်။ မိတ်ကပ်လောကမှာသာမက အနုပညာနယ်ပယ်မှာလည်း အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။


လင်းလင်းဟာ အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့ သူဖြစ်တာကြောင့် ချစ်တဲ့သူတွေကလည်း ပေါများပါတယ်။ ဒါ့အပြင် သူမရဲ့ အလှတရားတွေကလည်း အခြား မိန်းကလေးတွေတောင် အားကျရပြီး ဆယ်ကျော်သက်လေးတစ်ယောက်လို ငယ်ရွယ်နုပျို နေတာပါ။ မကြာခဏ ဆိုရင်လည်း လင်းလင်းက အနုပညာလျှောက်လှမ်းမှုတွေကို ချစ်ရတဲ့ ပရိသတ်တွေကို ဖော်ပြလေ့ရှိပါတယ်။


ဒီကနေ့မှာတော့ လင်းလင်းက ကိုရီးယားနိုင်ငံမှာ မိတ်ကပ်ပညာ သွားရောက်သင်ယူခဲ့တဲ့ အမှတ်တရတချို့ကို ဖော်ပြလာခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာရဲ့ ခေတ်မှီပြောင်းလဲမှုတွေနဲ့အညီ အသစ်အဆန်းတွေဖြစ်အောင် သူမမြတ်နိုးတဲ့ မိတ်ကပ်ပညာကို အကောင်မွန်ဆုံး သင်ယူခဲ့တာ ဖြစ်ပါတယ်။ ချစ်တဲ့ ပရိသတ်ကလည်း သူမရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုခဲ့ပြီး ဂုဏ်ပြုပေးထားတာ တွေ့ရပါတယ်။


သတင်း အရင်းအမြစ်៖ Source - Lin Linn fb page