မြန်မာပရိသတ်တွေကြားမှာ အွန်စောလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာဆိုရင် အသက် ၄၀ ကျော်သွားပြီးဖြစ်ပေမယ့် အောင်မြင်နေဆဲဖြစ်တဲ့ ထိပ်တန်းမင်းသမီး တစ်လတ်ဖြစ်ပါတယ်။

ဆောင်းဟေကိုက ဆောင်းဦးရွက်ကြွေချစ်သက်သေ ၊ ချစ်စံအိမ် ၊ ဆောင်းလေညှင်းရဲ့ချစ်သံစဉ် ၊ DOTS (Descendants of the Sun) စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိထားတဲ့သူဖြစ်ပါတယ်။ဆောင်းဟေကိုက တောင်ကိုရီးယားရဲ့ အလှပဆုံးမြို့လေးဖြစ်တဲ့ Dalseo-gu မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး ကြွေရုပ်လေးတစ်ရုပ်လိုမျိုး လှပတဲ့ ကောင်မလေးဖြစ်ပါတယ်။

ငယ်စဉ်အခါကအသက်ကြီးလာရင် ချစ်ရတဲ့သူနဲ့ အိမ်ထောင်ပြု ၊ သားသားမီးမီးလေးတွေ မွေးမယ်ဆိုတဲ့ ရိုးရှင်းတဲ့ အိပ်မက်လေး ရှိခဲ့တဲ့ မင်းသမီးလေးဟာ လက်ရှိအချိန်အထိလည်း သူမရဲ့ အိပ်မက်တွေ အကောင်အထည် မဖော်ရသေးပါဘူး။ ဆောင်းဟေကိုက ခင်ပွန်းဖြစ်သူ မင်းသား ဆောင်းဂျွန်ကီနဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ပြီးနောက်မှာ ၂၀၁၉ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။

Fendi အခမ်းအနား အပြီးမှာလည်း ဆောင်းဟေကိုက တောင်ကိုရီးယားကို မပြန်ရသေးဘဲ အမေရိကားမှာ အလုပ်ကိစ္စကြောင့် ဆက်ပြီးတော့ ရှိနေခဲ့ပါတယ်။ နယူးယောက်မြို့မှာ ရှိနေတဲ့ အချိန်မှာ ဆောင်းဟေကိုက အမှတ်တရလေးအနေနဲ့ ပေါ့ပေါပါးပါးဝတ်စုံလေးနဲ့ ရိုက်ထားတဲ့ ပုံလေးကို အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဝေမျှပေးလာခဲ့ပါတယ်။

ဆောင်းဟေကို ရဲ့ ဓာတ်ပုံလေးက ပေါ့ပေါ့ပါးပါးလေးဖြစ်ပေမယ့်လည်း Like က သန်းကျော်အထိကို ရရှိလို့နေပါတယ်။ ပရိသတ်တွေရဲ့ အချစ်ကို ကြောက်ခမန်းလိလိရရှိထားတဲ့ မမ ဆောင်းဟေကိုရဲ့ မကြာသေးမီက ဓာတ်ပုံလေးကို ဆောင်ဟေကိုကို ချစ်တဲ့ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။
