တစ်ခေတ်တစ်ခါ အနုပညာလောက်ကမှာ အောင်မြင်မှုတွေနဲ့ ခြေဆန့်နိုင်ခဲ့တဲ့ ရဲမြညွန့်ကို ပရိသတ်တွေ သိကြမှာပါ။ သူက မြန်မာ့ရုပ်ရှင်လောကမှာ ရဲမြညွန့်နှင့်အဖွဲ့ဇာတ်ရုပ်ဖြင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းမှာတော့ သရုပ်ဆောင် ရဲမြညွန့်ဟာ ရုတ်တရက် ကွယ်လွန်သွားရှာပြီလို့ စိတ်မကောင်းစွာ ကြားသိရပါတယ်။ အနုပညာ အသိုင်းအဝိုင်းတွေကနေ ကြားသိရတာကတော့ ရဲမြညွန့်ဟာ ဆီးချိုရောဂါရှိသူဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၈၉ နှစ်ရှိပြီလို့ သိရပါတယ်။


ရဲမြညွန့် ကွယ်လွန်သွားတာ ကြားသိရတာကြောင့် အနုပညာမောင်နှမတွေနှင့် ပရိသတ်တွေကလည်း များစွာ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ နောက်ဆုံး စျာပနအခမ်းအနားကိုတော့ အောက်တိုဘာ ၅ ရက်မှာ ပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။ Myanmarload ပရိသတ်တွေကလည်း ဒီကနေ့မှာ ကွယ်လွန်သွားရှာတဲ့ ရဲမြညွန့်ကို ကောင်းရာသုကတိလားပါစေလို့ ဆုမွန်ကောင်းတောင်းပေးကြပါဦး။

သတင်း အရင်းအမြစ်៖ Source - Zayar Myat Khaing