BTS အဖွဲ့ဝင် V ဟာဆိုရင် MBC ကဖိတ်ခေါ်တဲ့ရေဒီယိုအစီအစဉ်တစ်ခုမှာ အထူးဧည့်သည်အနေနဲ့ပါဝင်ရင်း သူ့ရဲ့လတ်တလောပြဿနာတွေအကြောင်းပြောပြခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ကရေဒီယိုအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ V နဲ့ Park Hyo-shin တို့ဟာ "ကိုယ့်အတွက်ခက်ခဲနေတဲ့အချိန်မှာ နားထောင်ချင်တဲ့ သီချင်း" အကြောင်းခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီမှာ V ရွေးချယ်ခဲ့တဲ့သီချင်းက Bill Joel ရဲ့ "Vienna" သီချင်းဖြစ်ပြီးအဲ့ဒီသီချင်းကသူ့ကို စိတ်သက်သာရာရစေတယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်းတွေဟာ သူ့အတွက်ဆိုးရွားပြီး ခက်ခဲတဲ့နေ့တွေလားလို့ မေးတဲ့အခါ V က " ဒီရက်ပိုင်းတွေကကျနော့်အတွက်တော်တော်ခက်တဲ့နေ့တွေဖြစ်ပါတယ်၊ နောက်လကျင်းပမယ့် ဘူဆန်ပွဲအတွက်ပြင်ဆင်ရတာတွေကလည်းတော်တော် ပင်ပန်းပါတယ်၊ ပွဲတွေတော်တော်ကြာရပ်ထားရာကနေ ပြန်ပြီးပြင်ဆင်ရတော့ကျနော့်ခွန်အားတွေ တော်တော်လျော့သွားပါတယ်၊ ဒါပေမယ့်အခုလောလောဆယ်တော့ ပွဲထဲမှာပဲအာရုံစိုက်ထားပါတယ်" လို့ဖြေခဲ့ပါတယ်။

လက်ရှိမှာတော့ V နဲ့ Jennie တို့ရဲ့ဒိတ်သတင်းတွေဟာ Hybe ဘက်ကဥပဒေအရအရေးယူမယ်လို့ ထုတ်ပြန်ထားတဲ့ကြားက ပိုဆိုးလာနေပြီး idol တွေကိုလည်းစိတ်အနှောက်အယှက်ပေးလွန်းတယ်လို့ဘဆိုနေကြပါတယ်။
Photos- credit
Source: Allkpop