လီဆောင်းဦး (သို့) ဂွီဒေါက်မင်းသမီးကြီးနဲ့ တွဲခဲ့တယ်လို့ သတင်းထွက်ဖူးတဲ့ မင်းသားနှစ်ယောက်

//s9.kh1.co/64/64ae3ca8e481ae1992b36272fd2c131a5325802f.jpg
အနုပညာရှင်များ

 ၀၃-အောက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

လီဆောင်းဦး (သို့) ဂွီဒေါက်မင်းသမီးကြီးနဲ့ တွဲခဲ့တယ်လို့ သတင်းထွက်ဖူးတဲ့ မင်းသားနှစ်ယောက်

မြန်မာနိုင်ငံမှာ လီဆောင်းဦး (သို့) ဂွီဒေါက် နာမည်နဲ့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီးကြီး Kim Hyun-joo ဟာဆိုရင် အသက် ၄၅ နှစ်အရွယ်အထိ လက်မထပ်ရသေးတဲ့သူဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သတ်ပြီး အရမ်းကို အေးဆေးတည်ငြိမ်နေတဲ့ Kim Hyun-joo ရဲ့ အချစ်ရေးကို စုံစမ်းကြည့်လိုက်တဲ့အခါမှာ Kim Hyun-joo က မင်းသား နှစ်ယောက်နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=631,h=800,q=100/f9/f9c3ce320a8a6bc9dd8771ca9d7df49c92b49b82.jpg

မင်းသား နှစ်ယောက်ထဲက တစ်ယောက်ကတော့ အိမ်ထောင်ကျသွားပြီ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အခုထိ အိမ်ထောင် မကျသေးပါဘူး။ Kim Hyun-joo နဲ့ တွဲခဲ့ဖူးတဲ့ မင်းသားနှစ်ယောက်အကြောင်းကို ဆက်လက် ဖော်ပြပေးသွားပါမယ်နော်။

So Ji Sub

https://s9.kh1.co/__image/w=600,h=400,q=100/03/034ea1b7509e1c2a3adf90925f7702a71aae08d9.png

Kim Hyun-joo ဟာဆိုရင် ဖန်ရွှေနင်းနဲ့ယမင်းရွှေစင်ဇာတ်လမ်း (The Glass Slippers) ရိုက်ကူးရင်းနဲ့ So Ji Sub နဲ့ ချစ်ကြိုက်ခဲ့ဖူးတယ်လို့ သတင်းတွေ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရ သူတို့ နှစ်ဦးသား စတင်တွဲခဲ့ကြတဲ့ အချိန်က ၂၀၀၂ ခုနှစ်မှာလို့ သိရပြီး အဲဒီနောက်မှာတော့ လမ်းခွဲခဲ့ကြတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=584,h=558,q=100/98/98477faca03d3f80cf1a52a8e00e6dabbb98bf0a.png

သူတို့နှစ်ဦးက လမ်းခွဲပြီးတဲ့နောက်မှာလည်း အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ သူငယ်ချင်းတွေလိုမျိုး ဆက်ပြီး နေနေကြတာကို တွေ့ရပါတယ်။So Ji Sub က တော့ Joo ကို ဘယ်တုန်းကမှ မတွဲဖူးကြောင်း သူတို့နှစ်ဦး သားက အကောင်းဆုံး သူငယ်ချင်းတွေသာဖြစ်ကြောင်းကို အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ဖူးပါတယ်။ So Ji Sub က ၂၀၂၀ ခုနှစ်မှာ တီဗီအစီအစဉ် တင်ဆက်သူ Cho Un-Jeong နဲ့ လက်ထပ်ခဲ့ပါတယ်။

Lee Dong Wook

https://s9.kh1.co/__image/w=650,h=813,q=100/b7/b7660535d57861ead2ef1a44d571ff841d242d90.png

Kim Hyun-joo ဟာ ဆိုရင် မင်းသား Lee Dong Wook နဲ့တဲ့လည်း The Partner ဇာတ်လမ်းတွဲ ရိုက်ကူးရင်းနဲ့ ချစ်ကြိုက်နေကြတယ်လို့ သတင်းထွက်ဖူးပါတယ်။ The Partner ဇာတ်လမ်းတွဲက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး အဲဒီအချိန်တုန်းက Lee Dong Wook က အသက် ၂၇ နှစ်ဖြစ်ပြီး Kim Hyun-joo ကတော့ အသက် ၃၁ နှစ်အရွယ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=413,h=483,q=100/d0/d021f837959739933b0fe6686f81c7bd210a4eca.jpg

သူတို့နှစ်ဦးသားက ဇာတ်လမ်းတွဲ မရိုက်ခင်က အရမ်း မရင်းနှီးကြပဲ ဇာတ်လမ်းတွဲ ရိုက်ကူးပြီးမှသာ အရမ်းကို ရင်းနှီးခဲ့ကြတာဖြစ်ပါတယ်။ ဘယ်လောက်ထိ ရင်းနှီးကြလဲဆို ရိုက်ကွင်းလာရင်တောင် နှစ်ယောက်အတူတူ ကားတစ်စီးနဲ့ သီးသန့်လာကြတယ်ဆိုတဲ့ အထိ နာမည်ထွက်ခဲ့ဖူးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်ဖက်အေဂျင်စီတွေက သူတို့နှစ်ဦးသား တွဲနေကြတယ်ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=400,h=262,q=100/39/398f8126eb9eb4af14d7d1c69d53bbcd94c08ffd.jpg

လက်ရှိမှာတော့ Kim Hyun-joo ဆီမှာ တွဲနေတဲ့သူမရှိသေးပါဘူး။ အသက် ၄၅ နှစ်အရွယ်အထိ လက်မထပ်ရသေးတဲ့ တစ်ချိန်က လီဆောင်းဦး (သို့) ဂွီဒေါက်တွဲခဲ့ဖူးတဲ့ မင်းသားကြီး နှစ်ယောက်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T