Rain နဲ့ Kim Tae-hee တို့ရဲ့ အိမ်ကိုအကြိမ်ပေါင်းများစွာ တံခါးခေါက်ခဲ့ လို့ အဖမ်းခံရတဲ့ အမျိုးသမီး

//s9.kh1.co/6e/6ef862a01532feb1b141bc96535172352e187d95.jpeg
အနုပညာရှင်များ

 ၀၂-အောက်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

Rain နဲ့ Kim Tae-hee တို့ဇနီးမောင်နှံရဲ့နေအိမ်ကို စိတ္တဇဆန်ဆန် ရောက်လာတဲ့အမျိုးသမီးအဖမ်းခံရ

အသက် ၄၇ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ တောင်ကိုရီးယားနာမည်ကြီးစုံတွဲဖြစ်တဲ့ Rain နဲ့ Kim Tae-hee တို့ စုံတွဲနေထိုင်တဲ့ အိမ်တံခါးကို အကြိမ်ပေါင်းများစွာ ဘဲလ်တီးခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/4d/4d5ded6647cb0f326d879d79e7b34f60958975f9.jpeg

စက်တင်ဘာလ၃၀ ရက်နေ့မှာ Seoul Yongsan ရဲစခန်းရဲ့ ကြေညာချက်အရ အဆိုပါ အမျိုးသမီးကို Seoul Western District ရှေ့နေရုံးထံကို လွှဲပြောင်းခဲ့ပြီး Stalking Punishment Act ကို ချိုးဖောက်တဲ့အမှုနဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/9e/9ed62bbe42d2b2e05e75fd84dd243f3a390b1ff5.jpeg

အဆိုပါ အမျိုးသမီးက ပြီးခဲ့တဲ့ မတ်လတုန်းက Yongsan-gu မှာရှိတဲ့ Rain နဲ့ Kim Tae-hee တို့ရဲ့ အိမ်ကိုသွားရောက်ခဲ့ပြီး အကြိမ်ပေါင်းများစွာ တံခါးခေါက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/77/77759e548bbaae698ec0bef601d3891c4cd35036.jpeg

အဆိုပါ အမှုနဲ့ ပတ်သက်ပြီး Rain နဲ့ Kim Tae-hee တို့စုံတွဲက အဆိုပါ အမျိုးသမီးကို အမှု ပေါင်း ၁၁၂ ခုနဲ့ ၁၇ ကြိမ် တိုင်တန်းခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က စစ်ဆေးဖို့ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တုန်းက အဆိုပါ အမျိုးသမီးက အသေးစားပြစ်မှုတွေ ကျူးလွန်ခဲ့တာကြောင့်လို့ ဆိုတာ တောင်ကိုရီးယားဝမ် ၁ သိန်းအထိ ဒဏ်ရိုက်ခြင်း ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=324,h=182,q=100/7a/7a83e543e3be0ba5af1f701004958262b413de6e.jfif

အဆိုပါ အမျိုးသမီးက အခုတစ်ခေါက်မှာလည်း Rain နဲ့ Kim Tae-hee တို့အိမ်ကို ထပ်မံနှောက်ယှက်ခဲ့တာကြောင့်အဖမ်းခံခဲ့ရခဲ့ပါတယ်။ Rain နဲ့ Kim Tae-hee တို့စုံတွဲက ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး လက်ရှိမှာဆိုရင် သမီးလေးနှစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T