တောင်ကိုရီးယား မင်းသမီး Oh In Hye ဟာဆိုရင် အိပ်မက်တွေနောက်ကို လိုက်ရင်းနဲ့ ကွယ်လွန်ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ Oh In Hye ကို ၂၀၂၀ ခုနှစ် ၊ စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ သူငယ်ချင်းဖြစ်သူက နေအိမ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တွေ့တွေ့ချင်းမှာ CPR အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးတွေပြုလုပ်ပြီး အသက်ရှင်အောင် ကြိုးစားခဲ့ပေမယ့်လည်း Oh In Hye ရဲ့ မျက်လုံးတွေက ဘယ်တော့မှ ပြန်ပြီး မဖွင့်လာခဲ့ပါဘူး။Oh In Hye ရဲ့ အိမ်မှာလည်း CCTV ကို ရှာမတွေ့ခဲ့တဲ့အတွက် သေဆုံးရတဲ့ အကြောင်းအရင်းကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက ရှာမတွေ့ခဲ့ကြပါဘူး။

Oh In Hye က အသက်ရှိနေစဉ်ကာလမှာ အိပ်မက်တွေနောက်ကို လိုက်ခဲ့တဲ့သူဖြစ်ပါတယ်။ သူမက သရုပ်ဆောင်အဖြစ်နဲ့ စတင်ခဲ့တဲ့သူဖြစ်ပေမယ့် နေရာတစ်ခုတည်းမှာ အောင်မြင်အောင် မလုပ်ခဲ့ဘဲ အခြား အိပ်မက်တွေနောက်ကိုပါ လိုက်ခဲ့တဲ့သူဖြစ်ပါတယ်။Oh In Hye က ၂၀၁၁ ခုနှစ်မှာ Sin of a Family ဇာတ်လမ်းနဲ့ ပွဲဦးထွက်ခဲ့ပြီး Red Vacance Black Wedding ဇာတ်လမ်းမှာ ဆက်ပြီး ပါဝင်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ A Journey with Korean Masters ၊ Eating Talking Faucking ၊ Wish Taxi နဲ့ No Breathing ဇာတ်လမ်းတွေထဲမှာ ဆက်တိုက်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာလည်း The Plan ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။Oh In Hye က သရုပ်ဆောင်လောကမှာ နေရာတစ်နေရာ ရရှိဖို့ အသည်းအသန် ကြိုးစားခဲ့ပေမယ့်လည်း သူမရဲ့ အောင်မြင်မှုတွေက ထင်ထားသလောက် အားတက်ဖို့ မကောင်းခဲ့ပါဘူး။

ဒါကြောင့် ကိုယ်ပိုင် Youtube ချယ်နယ် ဖွင့်ပြီး အောင်မြင်မှုရအောင် ဆက်လက်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမက မတင်းတိမ်ခဲ့ပါဘူး။ အဆိုလိုင်းဘက်ကို ထပ်မံခြေဆန့်ဖို့ ကြိုးစားခဲ့ပါတယ်။ပရိသတ်တွေကတော့ Oh In Hye ရဲ့ ပုံစံကို ကြည့်ပြီး စိတ်ကျရောဂါများ ရရှိနေသလားလို့ သံသယ ဝင်ခဲ့ကြပေမယ့် အခုလိုမျိုး ကိုယ့်ကိုယ်ကို အဆုံး သတ်သွားမယ်လို့တော့ မထင်ခဲ့ကြပါဘူး။

Oh In Hye ဟာ အိပ်မက်တွေနောက်လိုက်ရင်း အောင်မြင်မှုတစ်ခု မရရှိခင်မှာပဲ ကွယ်လွန်ဆုံးပါးသွားခဲ့ရပါတယ်။အသက် ၃၆ နှစ်အရွယ်မှာ ကွယ်လွန်ဆုံးပါးသွားတဲ့ တောင်ကိုရီးယားမင်းသမီး Oh In Hye တစ်ယောက် လူ့လောကမှာမရှိတော့တာ စက်တင်ဘာလ ၁၄ ရက်နေ့မှာဆိုရင် ၂ နှစ်တင်းတင်းတောင် ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။