များလွန်းတဲ့ငွေတွေကို လူမသိအောင်လှူခဲ့တဲ့ Jimin…

//s9.kh1.co/45/454388f65ce2751acce0c7969eabffb823dba51d.jpg
အနုပညာရှင်များ

 ၂၉-စက်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

Jimin ရဲ့လှူတန်းမှုအသေးစိတ်ကိုသိချင်နေကြတဲ့…

BTS အဖွဲ့ဝင်တွေဟာဆိုရင် နာမည်ကြီးပြီးဝင်ငွေကောင်းသလောက် အလှူအတန်းရက်ရောသူတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမယ့် အချို့အဖွဲ့ဝင်တွေဟာဆိုရင် အလှူအတန်းလုပ်ရင် လူသိရှင်ကြားနဲ့ကြွားဝါမနေတတ်ပဲ တိုးတိုးတိတ်တိတ်နဲ့လှူတတ်ပါသေးတယ်။ စက်တင်ဘာ ၂၈ ရက်နေ့က Gangwon သတင်းစာတိုက်ရဲ့ဖော်ပြချက်အရ BTS အဖွဲ့ဝင် Jimin ဟာဆိုရင်ပညာရေးအဖွဲ့အစည်းတစ်ခုသို့ လူမသိသူမသိ လှူဒါန်းနေကြောင်း သိရပါတယ်။

https://s9.kh1.co/__image/w=564,h=752,q=100/f6/f631233eb7a620579e8246740f31faa59bd2d783.jpg

ဘယ်လိုပုံစံနဲ့ လှူနေတယ်ဆိုတာမသိရပေမယ့် Jimin ဟာအခုအချိန်ထိ ကလေးတွေနဲ့ မိဘမဲ့ဂေဟာတွေကို လှူတန်းနေဆဲဖြစ်ပြီး သူလှူနေတဲ့ပမာဏဟာ ဝမ်သန်း ၁၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရကြောင်း သိရပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/8e/8ee19412806d40b3f563ee8b5d309edd4c87b237.jpg

သူအခုလိုလှူနေတာကို သိလာတဲ့ပရိသတ်တွေက သူလှူနေတဲ့နေရာတွေကို ဆက်သွယ်ပြီးလှူတန်းနေကြကြောင်း လည်းသိရပြီး Jimin ရဲ့လှူတန်းမှုအသေးစိတ်ကိုသိချင်နေကြတဲ့ သူတွေအတွက်ကတော့ Jimin ရဲ့ဆန္ဒအရလျှို့ဝှက်ချက်ဖြစ်တာကြောင့် ပြောလို့မရဘူးလို့သိရပါတယ်။

https://s9.kh1.co/__image/w=474,h=711,q=100/ff/ffb2e2cfa45c2bc7399fc42e776a7265d2f9300f.jpg

BTS အဖွဲ့တင်တစ်ဦးဖြစ်တဲ့ Jimin ရဲ့ကိုရီးယားမှာအခုအချိန်ထိလှူတန်းမှုပေါင်းဟာ ဝမ်သန်း ၄၀၀ ဝန်းကျင်ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။ 
Photos-creditSource: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T