တောင်ကိုရီးယားမင်းသမီး Oh Yoon Ah ဟာဆိုရင် ၂၀၁၅ ခုနှစ်မှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီး ၁၆ နှစ်အရွယ်သားလေးကို တစ်ယောက်တည်း စောင့်ရှောက်ခဲ့ရသူဖြစ်ပါတယ်။အခြားမင်းသမီးတွေလိုမျိုးမဟုတ်ဘဲ Oh Yoon Ah ရဲ့ သားလေးက မသန်စွမ်း ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။

Oh Yoon Ah က သားလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး တစ်ချိန်တစ်ခါကဆို သားလေးကို ဆုံးရှုံးရမလိုတောင် ဖြစ်ခဲ့ဖူးတဲ့ သူလို့ သိရပါတယ်။ သားလေးကို ဆုံးရှုံးရမလို ဖြစ်ခဲ့တဲ့အကြောင်းကို Oh Yoon Ah က သူမရဲ့ယူကျူ့ချန်နယ်ကနေ ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ Oh Yoon Ah နိုင်ငံခြား ခရီးထွက်နေတဲ့အချိန်မှာ မသန်စွမ်းသားလေးကို ပျောက်သွားခဲ့တယ်လို့ သိရပါတယ်။

Oh Yoon Ah ရဲ့ မသန်စွမ်းသားလေး ပျောက်ဆုံးသွားတဲ့နေရာက အမေရိကန်နိုင်ငံ လော့စ်အိမ်ဂျယ်လိစ် လေဆိပ်မှာ ဖြစ်ပြီး ပျောက်သွားပြီဆိုတာ သိသိချင်းမှာ အရူးတစ်ယောက်လိုမျိုး အော်ဟစ်ငိုကြွေးခဲ့ရတယ်လို့ ဆိုပါတယ်။

သားလေးပျောက်သွားပြီလို့ သိသိချင်းမှာ ယူကြုံးမရဖြစ်လွန်းလို့ မူးလဲ ကျမလိုတောင် ဖြစ်ခဲ့ရတဲ့ Oh Yoon Ah ဟာ ကံကောင်းစွာနဲ့ပဲ အချိန်ခဏ အကြာမှာ သားလေးနဲ့ ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။ Oh Yoon Ah ရဲ့ သားလေးက လေယာဉ်ပျံကြီးတွေကို ငေးမောရင်းနဲ့ လျှောက်သွားနေခဲ့တာလို့ သိရပြီး သူကိုယ်တိုင် ဘာဖြစ်လို့ ဖြစ်မှန်းတောငိ မသိဖြစ်ခဲ့ဘူးလို့ Oh Yoon Ah က ဆိုပါတယ်။

Oh Yoon Ah က သူမရဲ့ သားလေကို ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့စဉ်ကတည်းက တစ်ယောက်တည်း စောင့်ရှောက်ပေးခဲ့ရတာဖြစ်ပါတယ်။ Oh Yoon Ah က သားဖြစ်သူအကြောင်းကို သိပ်ပြီး ပြောလေ့ပြောထ မရှိခဲ့ပါဘူး။

သူမကသန်မာတဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်ချင်တဲ့သူလို့ သိရပြီး Single Mother အဖြစ် ဘဝကြီးကို အရှုံးမပေးဘဲရပ်တည်နေသူလေး ဖြစ်ပါတယ်။ Oh Yoon Ah နဲ့ သူမရဲ့ခင်ပွန်းဖြစ်သူတို့က ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှာကွာရှင်းခဲ့ကြပါတယ်။





