မင်းသမီးချောရတနာက အနုပညာလောကမှာ ဆယ်စုနှစ်လောက်ကတည်းက လျှောက်လှမ်းလာခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်း မေတ္တာတွေကို အပြည့်အဝရရှိထားခဲ့သူပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ကိုင်လာတဲ့ သက်တမ်းတလျှောက်မှာလည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။


ချောရတနာက အသက်တစ်နှစ်ထက်တစ်နှစ် ကြီးလာခဲ့ပေမယ့်လည်း ဆယ်ကျော်ဆက်လေးလို့ ယနေ့အချိန်ထိ အရွယ်တင်နုပျိုနေသူပဲ ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်မှာတော့ ပရိသတ်တွေရဲ့ အချစ်တော် ချောရတနာရဲ့ အသက် ၃၉ နှစ်ပြည့် ပျော်ရွှင်စရာ မွေးနေ့ရက်မြတ်လေးကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။


ချစ်ရတဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်မောင်နှမတွေကလည်း ချောရတနာရဲ့ မွေးနေ့လေးမှာ ချစ်စရာကောင်းလောက်အောင် ဆုမွန်ကောင်းတောင်းပေးခဲ့ကြတာ တွေ့ရပါတယ်။ Myanmarload ပရိသတ်တွေကလည်း ဒီကနေ့မှာ ကျရောက်ခဲ့တဲ့ ချောရတနာရဲ့ အသက် ၃၉ နှစ်ပြည့် မွေးနေ့လေးကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦးနော်...။

သတင်း အရင်းအမြစ်៖ Source - Chaw Yadanar