ကလေးသရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့ရာမှာ အောင်မြင်ခဲ့တဲ့ ကိုရီးယားမင်းသမီး

//s9.kh1.co/e0/e055a4c923c08eddb8f262c3d2f7887e9c630466.jpg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကလေးသရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့ရာမှာ အောင်မြင်ခဲ့တဲ့ ကိုရီးယားမင်းသမီး

ကလေးသရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့ရာမှာ အအောင်မြင်ဆုံးဖြစ်တဲ့ မင်းသမီး Kim Min Jung ဟာ အသက် ၆ နှစ်အရွယ်လောက်တည်းက အနုပညာနယ်ပယ်မှာ ကျင်လည်ခဲ့တာပါ။ ၁၉၈၂ ခုနှစ် မှာမွေးဖွားခဲ့တဲ့ မင်းသမီးဟာ ​​အခုဆိုရင် အသက် ၄၀ အရွယ်ရှိနေပြီ ဖြစ်ပြီး ချီးကျူးစရာ ကောင်းတဲ့ အသက်မွေးဝမ်းကြောင်းကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=791,q=100/3e/3e2026db93114a496464acbd1c88b2cbc7e64cba.jpg

မင်းသမီး Kim Min Jung က ငယ်ရွယ်စဉ်ကတည်းက သရုပ်ဆောင်ခဲ့တယ် ဆိုတဲ့အချက်ကို ပရိသတ်တော်တော်များများက မေ့နေကြပါတယ်။ မင်းသမီးဟာ သူမရဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရည်ကြောင့်ပဲ အဝတ်အစားအမှတ်တံဆိပ်တစ်ခုရဲ့ ကလေးမော်ဒယ်တစ်ယောက် ဖြစ်လာခဲ့တဲ့အပြင် မော်ဒယ်လ်ကမ်းလှမ်းချက် များစွာ ရရှိခဲ့ပြီးတော့ ဖျော်ဖြေရေးနယ်ပယ်မှာ ပွဲဦးထွက်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/25/25fae4f77eef7eb1275e0c54cfa12f39f43c04e4.jpg

Kim Min Jung ရဲ့မိဘတွေကတော့ သူမကို showbiz ထဲမ၀င်စေချင်တဲ့အတွက်ကြောင့် CF အမျိုးမျိုးကို ၃နှစ်ဆက်တိုက် ငြင်းပယ်ခဲ့ပါတယ်။ မင်းသမီးလေး အသက် ၆ နှစ်မပြည့်ခင်အချိန်မှာတော့ မိဘတွေက နားလည်ပေးခဲ့တဲ့အတွက် ကလေးမော်ဒယ်အဖြစ်နဲ့ Kim Min Jung ဟာ MBC Best Theatre ဇာတ်လမ်းတွဲ “Widow” မှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c6/c677c8a77c02b87fb1bb769c5f63cfc000636ae1.jpg

၁၉၉၁ ခုနှစ်အတွင်း CF ဇာတ်ကား ၂၀ မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတဲ့အခါမှာတော့ Kim Min Jung ဟာ သရုပ်ဆောင်ပါရမီရှင် အဖြစ် ချီးကျူးခံခဲ့ရပါတယ်။ Kim Min Jung ရဲ့ ပုံရိပ်က ကလေးသရုပ်ဆောင် အဖြစ်နဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေခဲ့ အတွက်ကြောင့်ပဲ သူမဟာ ဒီပုံရိပ်နဲ့ ဝေးကွာဖို့အတွက် စိန်ခေါ်မှုတွေအများကြီး ရင်ဆိုင်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=620,h=276,q=100/f3/f3fbc7038ce7bbffa4bb6aacf502e9881034ad29.webp

Kim Min Jung ဟာ ​​ ၁၀ နှစ်လောက် အချိန်ယူခဲ့ရပြီး သူမ အသက် ၃၀ အရွယ်ရောက်တဲ့အခါမှာတော့ ကိုရီးယားသရုပ်ဆောင် ဇာတ်ဝင်ခန်းတွေမှာ နာမည်ရလာခဲ့ပါတယ်။ ထူးထူးခြားခြား ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်နဲ့ ကဏ္ဍပေါင်းစုံ သရုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေကြောင့်ပဲ မင်းသမီး Kim Min Jung ဟာ "Gap Dong"၊ "Man To Man"၊ "Mr. Sunshine” ၊ “The Devil Judge” ဇာတ်ကားတွေနဲ့အတူ အောင်မြင်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=425,h=524,q=100/68/6834d6bedd4183e22d9c80b5b761bc57169163c5.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T