လတ်တလောမှာတော့ ထိုင်းအနုပညာလောကထဲက မင်းသား၊ မင်းသမီးတွေ တော်တော်များများဟာ သူတို့ရဲ့ ချစ်သူတွေနဲ့ လမ်းခွဲလိုက်ပြီလို့ ကြေငြာထားကြပါတယ်။ ထိုင်း Channel 3 ရဲ့ မင်းသားမင်းသမီးတွေဖြစ်နေကြတဲ့ Prang Kannarun နဲ့ Panjan တို့ ကလည်း မကြာသေးမီကမှ သူတို့ရဲ့ ချစ်သူတွေနဲ့ လမ်းခွဲခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
မင်းသား Panjun နဲ့ မင်းသမီး Prang တို့ကတော့ “Love Destiny” အပိုင်း ၁ မှာ Khun Roeung နဲ့ Chan Vat တို့အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ကြတဲ့ အတွဲလေး ဖြစ်ပါတယ်။ Chemistry မိလွန်းတာကြောင့် ပရိသတ်တွေက တွဲစေချင်ကြပေမယ့် နှစ်ယောက်လုံးမှာ သက်ဆိုင်သူတွေရှိနေကြတာကြောင့် ပြောရခက်နေကြတာပါ။
ဒါပေမဲ့လည်း အခုချိန်မှာတော့ နှစ်ယောက်လုံးက Single တွေဖြစ်လာခဲ့ကြပြီဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်ကလည်း အမြဲ ပူးပူးတွဲတွဲရှိနေကြတာမို့ ပရိသတ်တွေကလည်း သူတို့မျှော်မှန်းထားသလို ဖြစ်လာတော့မလားဆိုပြီး ရင်ခုန်နေကြတာပါ။
ဒါပေမယ့် Punjun က မကြာသေးမီရက်ပိုင်းက ပွဲတစ်ခုကို တက်ရောက်ခဲ့ဖြစ်ပြီး Prang နဲ့ ဆက်ဆံရေးကို ပြောပြသွားခဲ့ပါတယ်။ Punjun က “ကျွန်တော်နဲ့ Prang ကြားမှာ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာက မှန်ပါတယ်။ အဲ့ဒါကတော့ ပရိသတ်တွေထင်နေသလို ချစ်သူမျိုးမဟုတ်ပါဘူး သူ့ကိုညီမလေးတစ်ယောက်လိုပဲ သဘောထားတာပါ။ တိုင်ပင်ဆွေးနွေးစရာတွေရှိပေမယ့် နေ့တိုင်းနီးပါးလောက်တော့ မဆက်သွယ်မိကြပါဘူးလို့" ဖြေကြားသွားခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Popular.com