ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသားချော Nine Naphat နဲ့ မင်းသမီးချောလေး Baifern Pimchanok တို့နှစ်ဦးကတော့ မြန်မာနိုင်ငံကို လာရောက်ရိုက်ကူးခဲ့တဲ့ နာမည်ကြီးရုံတင်ဇာတ်ကား Friend Zone ဇာတ်လမ်းတွဲမှာ တူတူတွဲ သရုပ်ဆောင်ပြီးနောက်မှာ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့အပြင် Chemistry မိလွန်းကြတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။


နှစ်ယောက်လုံးကလည်း Single တွေ ဖြစ်ကြတဲ့အပြင် ပရောဂျက်တွေလည်း တူတူလုပ်ကြပြီး အပြင်လက်တွေ့ဘဝမှာလည်း အတူသွားအတူလာ လုပ်နေကြတာမို့ တွဲနေလားဆိုပြီး သတင်းတွေ ထွက်နေတာလည်း ဖြစ်ပါတယ်။နှစ်ယောက်လုံးကတော့ သူငယ်ချင်းဆိုပြီးတော့ ငြင်းနေကြပါတယ်။ Nine Naphat ရဲ့ အမေကလည်း Baifern လေးကို ချစ်တာမို့ ချွေးမတော်ဖို့ အတွက် Naphat ကို ဖွင့်ပြောခိုင်းနေတယ်လို့ Interview တစ်ခုမှာ ဖြေထားခဲ့ဖူးပါတယ်။


လက်ရှိမှာတော့ Nine Naphat နဲ့ Baifern လေးတို့နှစ်ဦးစလုံးက အီတလီနိုင်ငံကို ရောက်ရှိနေခဲ့ကြပြီး နှစ်ယောက်လုံး မုန့်တွေတူတူစားကာ ပျော်ရွှင်စွာ Date နေကြတာပဲ ဖြစ်ပါတယ်။ သူငယ်ချင်းလို့ပြောနေကြပေမယ့် နှစ်ယောက်လုံးကို ပရိသတ်တွေက သဘောတူပြီး တွဲဖို့ဝိုင်းပြောနေကြပါတယ်။






Source : baifernbah's IG Acc